《 Chapter 61 》

567 87 3
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၆၁) : သင်္ချိုင်းမြေ (အပိုင်း ၇)

"လောလောဆယ် တခြားအရာတွေ မစဉ်းစားသေးဘဲ အရေးကြီးတဲ့ အချက်နှစ်ချက်ကို ဆုံးဖြတ်ကြတာပေါ့။ အရင်ဆုံး ပင်မသင်္ချိုင်းကို ရှာဖို့ သဲလွန်စတွေနောက်ကို လိုက်ရမယ်။ ဒုတိယအနေနဲ့ ငါတို့ရဲ့အဖွဲ့ဝင်အသစ်ကို ရှာရမယ်" လော်ကျန့် သူ့မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိတယ်။ သွမ့်လိထံ တချက်လှမ်းကြည့်ပြီး သူပြောလိုက်တယ်၊ "ခင်ဗျားနိုးလာတုန်းကလဲ မှတ်စုစာရွက် ရှိနေမှာပဲ၊ ဟုတ်တယ်ဟုတ်? အဲ့ဒီစာရွက်ကို ကျွန်တော့်ကို ပြလို့ရမလား?"

သွမ့်လိက လော်ကျန့်ထံ ပြန်လှည့်ကြည့်ရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပုံနှိပ်ထားတဲ့ စာရွက်ကို ထုတ်ပေးလာခဲ့တယ်။ လော်ကျန့် စာရွက်ကို လှမ်းယူပြီး ဖတ်ကြည့်လိုက်တယ်။ အကြောင်းအရာက အတော်လေး ဆင်တူနေပေမဲ့ ကွဲပြားမှုအချို့ ရှိနေသေးတယ်။ အနည်းဆုံးတော့ ဒီအချိန်မှာ လော်ကျန့်တယောက် သူတို့ရဲ့အဖွဲ့ဝင်အရေအတွက် မလုံလောက်သေးတာတောင် ဘာကြောင့်များ အဖွဲ့လိုက်တိုက်ပွဲစနစ်က ချက်ချင်း အသက်ဝင်သွားရသလဲဆိုတဲ့ အကြောင်းရင်းကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားပြီဖြစ်တယ်။

"လေးစားရပါသော မစ္စတာသွမ့်လိ" စာရွက်ကို တချက်ကြည့်ရင်း သူအသံထွက်ပြီး ဖတ်လိုက်တယ်။ လော်ကျန့်က ခနဲ့တဲ့တဲ့ပြုံးရင်း ပြောလာတယ်၊ "Chaos Chamber Battlefield မှာ ပါဝင်ယှဉ်ပြိုင်ခြင်းအတွက် ဂုဏ်ယူပါတယ်။ သင့်အနေနဲ့ ကစားသမားတဦးအဖြစ် ပြန်လည်ရောက်ရှိလာတာကို ကျွန်ုပ်တို့ဖက်က ကြိုဆိုပါတယ်။ သင့်ခွန်အားက သင်တို့တဖွဲ့လုံးရဲ့ခွန်အားနဲ့ နှိုင်းစာရင် အတော်လေး သဟဇာတမဖြစ်တဲ့အတွက် သင်တို့အဖွဲ့ရဲ့ခွန်အားကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ပေးဖို့ရာ လျှို့ဝှက်ဆောင်ခန်းမှ ပြင်းထန်တဲ့ ဆောင်ရွက်ချက်တွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဤအဖွဲ့လိုက်တိုက်ပွဲအပြီးမှာ သင်တို့အဖွဲ့အနေနဲ့ ကြီးမားတဲ့ ဆုလာဘ်တွေကို ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပေမဲ့ အနိုင်ရရှိသူက သင်ဟုတ်၊ မဟုတ်ဆိုတာကတော့ သင့်ကံကြမ္မာအပေါ် မူတည်ပါတယ်"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now