《 Chapter 56 》

660 108 5
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၅၆) : သင်္ချိုင်းမြေ (အပိုင်း ၂)

စင်္ကြံလမ်းက အတော်လေး ရှည်လျားတယ်။ အချိန်ကြာလာတာနဲ့အမျှ လော်ကျန့်တယောက် အနည်းငယ် ကြံရာမရဖြစ်လာခဲ့တယ်။ သူဘယ်လောက်ဝေးဝေးလျှောက်နေပါစေ၊ စင်္ကြံလမ်းက အဆုံးမသတ်ဘဲ ရှေ့မှာ ဆက်ရှိနေသေးတာဖြစ်တယ်။

သို့သော် သူ့နောက်က ခြေသံတွေက ပိုမိုနီးကပ်လာပြီဖြစ်တယ်။ တဖက်လူက ခြေတဖက်ဆာနေတာတောင် သူ့ထက် ပိုမြန်မြန်လျှောက်နိုင်နေတာကို လော်ကျန့် နားမလည်နိုင်တော့ချေ။ ခြေသံတွေက နီးသထက်နီးလာပြီ! ထိုသတ္တဝါက သူနဲ့ မလှမ်းမကမ်းကို ရောက်လာနေပြီ! သူတအားလန့်သွားပြီး သံသယတွေကို ပစ်ချကာ ခြေကုန်သုတ်တော့တယ်။ သို့ပေသည့် နှစ်မိနစ်အတွင်းမှာဘဲ ဘေးကနေ လက်တဖက် ထွက်လာပြီး လော်ကျန့်ပုခုံးကို ဖမ်းဆွဲလာခဲ့တယ်!

လော်ကျန့် အလွန်အမင်း ထိတ်လန့်သွားပြီး တကိုယ်လုံး တုန်ယင်သွားခဲ့တယ်။ တစုံတယောက်က သူ့ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့ လာမပိတ်ခင်အထိ အသံလေး တချက်တောင် မထွက်လိုက်ရဘူး။ ထို့နောက် ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ ­တွင်းနက်ထဲကို သူဆွဲချခံလိုက်ရတယ်! ထိတ်လန့်နေတဲ့ လော်ကျန့်ခမျာ မျက်လုံးတွေ ပြူးကျယ်သွားပြီး နားထဲမှာ အသံတသံ ကြားလိုက်ရတယ်၊ "အသံမထွက်နဲ့!"

ဒီအသံကို တအားရင်းနှီးနေတယ်။ လော်ကျန့်ရဲ့ပါးပြင်ကနေ မျက်ရည်တွေ စီးကျလာတဲ့အထိကို ရင်းနှီးလွန်းနေတယ်၊ အဲ့ဒါ ဖုန်းယွီလန်ပဲ!

"အားလန်၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ?"

"ရှင်းပြဖို့ အချိန်မရှိဘူး" ဖုန်းယွီလန်က ရုတ်တရက် လော်ကျန့်လက်ထဲက အလင်းကျောက်တုံးကို ဆတ်ခနဲ လှမ်းယူပြီး တွင်းငယ်ထဲကနေ ကိုယ်တဝက်ထွက်ကာ ကျောက်တုံးကို ဝေးသထက်ဝေးအောင် ချက်ချင်း လွှင့်ပစ်လိုက်တယ်။ ထို့နောက်၊ အဲ့ဒီအချိန်မှာဘဲ လော်ကျန့်တယောက် နံရံအောက်ပိုင်းရှိ တချို့နေရာတွေမှာ တွင်းပေါက်ငယ်လေးတွေကို သတိထားမိလိုက်တယ်။ စင်္ကြံလမ်းအရှည်ကြီးက အဆုံးမဲ့ဖြစ်တည်နေပုံပေါက်ပြီး တွင်းပေါက်လေးတွေက လူတယောက်၊ နှစ်ယောက်လောက် ဝင်ဆန့်နိုင်တယ်။ တွင်းပေါက်တွေရဲ့အဝင်ဝက အတော်လေး နိမ့်တယ်။ အထူးသဖြင့် ဒီလိုမည်းမှောင်နေတဲ့ ပတ်ဝန်းကျင်မျိုးမှာ အဆိုပါတွင်းပေါက်တွေကို မျက်စိလျှမ်းနိုင်ခြေများတယ်။ လော်ကျန့် အတော်ဝေးဝေးကို လျှောက်လာခဲ့တာဖြစ်ပြီး ၎င်းအရာတွေကို အမှန်တကယ် သတိမပြုမိခဲ့တာဖြစ်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now