《 Chapter 46 》

865 141 1
                                    

^Unicode^

မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်

အခန်း (၄၆) : မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်မှ ထွက်ပြေးလွတ်မြောက်ခြင်း (အပိုင်း ၅)

** Trigger Warning : Suicidal Thoughts, Implied Sexual Assault/Dub-con **

Stalker မရှိတဲ့ ဆောင်ခန်းထဲမှာ ပတ်ပတ်လည်က ချက်ချင်းဆိုသလို ဗလာသက်သက်ဖြစ်သွားပြီး တိတ်ဆိတ်သွားခဲ့တယ်။ တအားကို တိတ်ဆိတ်လွန်းလှတာကြောင့် လော်ကျန့်ခမျာ စိတ်မသက်မသာဖြစ်သလို ခံစားနေရတယ်။

လောလောဆယ် သူ့လက်ထဲမှာ အထောက်အကူပြုပစ္စည်းအားလုံး ရှိနေပြီဖြစ်တယ်—အကြည်ရောင်ကော်နဲ့ ကပ်ထားပြီး အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကို ချိတ်ဆက်ထားတဲ့ မှန်အသေးလေးရယ်၊ သူ့ပုံရိပ်မပေါ်တဲ့ မှန်အကြီးကြီးရယ်၊ ဒိုင်ယာရီစာအုပ်ရယ်၊ အချိန်ရပ်တန့်နေတဲ့ Nokia ဆဲလ်ဖုန်းအဟောင်းအပြင် သော့နှစ်ချောင်းတို့ပဲဖြစ်တယ်။

ဒုတိယသော့က ဆောင်ခန်းအစစ်မှာ သူရှာတွေ့ခဲ့တဲ့ဟာနဲ့ လုံးဝကို တထပ်တည်းနီးပါး တူညီနေပုံပေါက်တယ်။ ကြည့်ရတာ လော်ကျန့်အထင် မှန်သွားတဲ့ပုံပါပဲ၊ ဆောင်ခန်းနှစ်ခန်းရှိရုံတင်မကဘဲ တံခါးနှစ်ချပ်နဲ့ သော့နှစ်ချောင်းလည်း ရှိတယ်။ လော်ကျန့် လျှို့ဝှက်ဆောင်ခန်းအစစ်မှာ ရှာတွေ့ခဲ့တဲ့ သော့ကို သူ့ရဲ့ဘယ်ဘက်အိတ်ကပ်ထဲမှာ ထည့်ထားပြီး ပုံရိပ်ယောင်ဆောင်ခန်းထဲက သော့ကိုတော့ သူ့ရဲ့ညာဘက်အိတ်ကပ်ထဲမှာ ထည့်ထားခဲ့တယ်။

သူက တံခါးဖွင့်ဖို့အတွက် သော့ကို အလျင်စလို အသုံးမပြုခဲ့ဘူး။ Stalker ထွက်သွားပြီးနောက် တံခါးကိုဖွင့်ဖို့ သူထပ်ကြိုးစားခဲ့တယ်။ မဟော်ဂနီရောင် တံခါးကို ရှင်းယန်က တချက်တွန်းရုံလောက်နဲ့ ဖွင့်လိုက်နိုင်တယ်ဆိုတာ အရှင်းကြီးဖြစ်ပေမဲ့ သူအားကုန်သုံးတာတောင် လော်ကျန့်ခမျာ တံခါးကို မဖွင့်နိုင်လေဘူး၊ သည်အခြင်းအရာက သူ့အား ဒီလျှို့ဝှက်ဆောင်ခန်းက Stalker တွေသာ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်မှန်း သဘောပေါက်သွားစေခဲ့တယ်။ အခြားတဖက်တွင်မူ ဆောင်ခန်းကနေ ထွက်သွားချင်တယ်ဆိုရင် သူ့အနေနဲ့ တန်ရာတန်ကြေး ပေးကိုပေးဆပ်ရမှာဖြစ်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now