《 Chapter 8 》

1.8K 314 7
                                    

^Unicode^

တစ္ဆေသင်္ဘော

အခန်း (၈) : တစ္ဆေသင်္ဘော (အပိုင်း ၁)

အခုချိန်မှာ၊ ဖုန်းယွီလန်တစ်ယောက်ဟာဖြင့် ဤစာရွက်အသေးလေးက သူ့ဘဝအလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာကို မသိခဲ့လေဘူး။ သူ ရှုံးသည်ဖြစ်စေ၊ တစ်စုံတစ်ခုကိုရလိုက်သည်ဖြစ်စေ၊ ၎င်းအရာက အရေးမကြီးတော့ဘဲ၊ ဤအဆုံးမဲ့သံသရာထဲဝယ် ထာဝရရုန်းကန်ရင်း ဘယ်သောအခါမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ချေ။ အစမှအဆုံး သူ့ထံကျန်ရစ်ခဲ့သမျှ အရာအားလုံးမှာကား ဝမ်းနည်းပူဆွေးမှုနှင့် စိတ်ပျက်အားငယ်မှုများသာပင်။

လော်ကျန့်က ဖုန်းယွီလန်အတွက် ဆန်ပြုတ်အချို့ဝယ်ပြီးတဲ့နောက် ဆေးရုံသို့ အမြန်ပြန်လာခဲ့တယ်။ အားလန်တစ်ယောက် ဆန်ပြုတ်ကို တစ်ဇွန်းပြီးတစ်ဇွန်း ခပ်သောက်နေတာကို သူစိုက်ကြည့်နေမိတယ်၊ အဆုံးမှာတော့၊ သူက တစ်ဖက်လူရဲ့ပုခုံးကိုပုတ်ပြီး ပြောလာတယ်၊ "ငါ ကုမ္ပဏီမှာ လုပ်စရာတွေ တစ်ပုံကြီးကျန်သေးတယ်၊ ဒါပေမဲ့ ငါပြန်လာပြီးတော့ မင်းဆီတစ်ခေါက်လာပြန်တွေ့ဦးမှာပါ။ နောက်ပြီး... ငါ ရဲတွေကိုအကြောင်းကြားထားတယ်၊ အဲ့တာကြောင့် ခဏနေရင် မင်းရဲ့ထွက်ဆိုချက်အတွက် ရဲအရာရှိတချို့ ရောက်လာကြလိမ့်မယ်။ လိုတာရှိရင် ငါ့ကိုဖုန်းဆက်လိုက်နော်..."

လော်ကျန့်က စကားတွေ တောင်စဉ်ရေမရလျှောက်ပြောနေခဲ့ပြီး၊ ဖုန်းယွီလန်ကတော့ ကြက်ကလေး ဆန်စေ့ကောက်သလို ခေါင်းညိတ်ပြရုံသာလုပ်နေခဲ့တယ်။ မကြာခင်မှာပဲ၊ လော်ကျန့်က မတ်တပ်ထရပ်ပြီး၊ သွားဖို့အသင့်ပြင်လိုက်ပေမယ့် တစ်စုံတစ်ခုကို သူသတိရသွားခဲ့တာကြောင့် ခုတင်ဘေးက စားပွဲပေါ်မှာ သူတင်ထားခဲ့တဲ့ မှတ်စုစာရွက်ကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်။ ဘာမှစစ်ဆေးမနေတော့ဘဲ သူ့လက်ကိုဆန့်ပြီး ၎င်းစာရွက်ကို သူ့ဘောင်းဘီအိတ်ကပ်ထဲ ချက်ချင်း ထိုးထည့်လိုက်တယ်။ မဟုတ်ရင်တောင်မှ ဖုန်းယွီလန်ကလည်း စားတဲ့သောက်တဲ့နေရာမှာပဲ မတရား အာရုံရောက်နေခဲ့တာကြောင့် မှတ်စုစာရွက်ပေါ်က သူ့လက်ရေးနဲ့ရေးထားတဲ့ လက်မှတ်တွေ၊ စာလုံးတွေကို သူကိုယ်တိုင်တောင် မေ့သွားပြီးတော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေခဲ့တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now