《 Chapter 16 》

1.5K 274 5
                                    

^Unicode^

တစ္ဆေသင်္ဘော

အခန်း (၁၆) : တစ္ဆေသင်္ဘောမှလွတ်မြောက်ခြင်း (အပိုင်း ၃)

"သော့ရော?" သူစိတ်ကျေနပ်သွားတဲ့အထိ မရပ်မနား ကလိထိုးပြီးမှ တဖက်သားအား နှိပ်စက်ကလူပြုခြင်းကို ရပ်တန့်လိုက်ကာ လော်ကျန့်က ဖုန်းယွီလန်တကိုယ်လုံးကို စတင်ရှာဖွေတော့တယ်၊ ထို့နောက် သူ့အိတ်ကပ်ထဲကနေ အဲ့ဒီရှေးဟောင်းသော့ကြီးတွေထဲက တခုနဲ့ဆင်တူတဲ့ ခပ်ဟောင်းဟောင်းသော့တချောင်းကို သူနောက်ဆုံး ဆွဲထုတ်နိုင်ခဲ့တယ်။ စောနတုန်းက လော်ကျန့်တယောက် အသက်ဝင်လာတဲ့ အလောင်းကောင်နဲ့ နပန်းသတ်ရင်း အလွန်အမင်း ရုန်းကန်ထားရတာကြောင့် သူ့ခမျာ သော့ကို သေချာတောင်မကြည့်နိုင်ခဲ့ဘူး။

"ဒီသော့က ဘယ်တံခါးနဲ့ အံကိုက်ဖြစ်နိုင်မလဲ?" ဖုန်းယွီလန်လည်း သော့ကိုလေ့လာရင်း အဖြေရှာနေခဲ့တယ်။ ဤအရာဝတ္တုရဲ့မျက်နှာပြင်ကို ရွှေနဲ့ပြုလုပ်ထားပုံရတယ်။ ၎င်းက ဟောင်းနွမ်းဆွေးမြေ့နေသော်ငြား တန်ဖိုးရှိပုံပေါက်နေသေးတယ်။ အနီးကပ်ကြည့်လိုက်ရင် သော့ပေါ်မှာ လက်နဲ့ထွင်းထားပုံရတဲ့ စာလုံးအသေးလေးတွေကို ခွဲခြားသိမြင်နိုင်တယ်ဆိုပေမဲ့ စာလုံးတွေက တကယ့်ကို သေးလွန်းလှတယ်။ လော်ကျန့်နဲ့ ဖုန်းယွီလန်တို့ လက်ရေးကို အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ကြပေမဲ့ ဘာရေးထားမှန်း သူတို့တွေ မဖော်ထုတ်နိုင်ကြဆဲပင်။

"ဒီသင်္ဘောပေါ်မှာ မှန်ဘီလူးရှိတယ်ဆိုရင်တောင် အဲ့ဒီဟာက ငါတို့ကို ဒီပေါ်မှာ ဘာတွေရေးထားသလဲဆိုတာ ကြည့်လို့ရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ငါမထင်ဘူး" ဖုန်းယွီလန်က ပြောလာတယ်။

"Hmm, မှန်ဘီလူးက ဘယ်နေရာမှာရှိဖို့များလဲ?" လော်ကျန့် မေးစေ့ကိုပွတ်ရင်း စဉ်းစားနေခဲ့တယ်။

"တကယ်တော့ အဲ့ဒါကြီးမလိုလောက်ဘူးကွ၊ ငါတို့တွေ အဝေးကြည့်မှန်ပြောင်းရှာဖို့ပဲလိုတာ" ဖုန်းယွီလန်က အကြံကောင်းတခုကို တွေးမိသွားပုံရပြီး စိတ်လှုပ်ရှားစွာ သူရယ်မောလိုက်တယ်။ "သင်္ဘောတွေမှာ ပုံမှန်အားဖြင့် အဝေးကြည့်မှန်ပြောင်းတွေ ပါတယ်၊ နောက်ပြီး အဲ့တာတွေကို မှန်ဘီလူးအဖြစ်လဲ သုံးလို့ရတယ်လေ"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now