《 Chapter 19 》

1.4K 303 38
                                    

^Unicode^

တစ္ဆေသင်္ဘောမှလွတ်မြောက်ခြင်း

အခန်း (၁၉) : တစ္ဆေသင်္ဘောမှလွတ်မြောက်ခြင်း (အပိုင်း ၆)

Stalker က ဖုန်းယွီလန် လွတ်သွားသလား၊ မသွားဘူးလားဆိုတာကို စိတ်မဝင်စားခဲ့ချေ။ သူ့ခေါင်းကို အတန်ငယ်လှည့်ပြီး သူ့နောက်ကလူဆီ ထူးမခြားနားတဲ့ အကြည့်တွေနဲ့သာ စိုက်ကြည့်နေခဲ့တယ်။ လော်ကျန့်က သူ့ကို ဓားနဲ့ တိုက်ခိုက်တာကိုလည်း သူဂရုမစိုက်နိုင်တော့။ လေကုန်ခံပြီး ပြောမနေတော့ဘဲ သူ့လက်ထဲက လက်နက်ကို ကျွမ်းကျင်စွာ လွှဲလိုက်ပြီး လော်ကျန့်ရဲ့လက်ကောက်ဝတ်ကို ထုချလိုက်တယ်။ လော်ကျန့်ရဲ့လက်မောင်းတခုလုံး ထုံကျင်သွားရတယ်၊ ထို့နောက် တဖက်လူက အားမစိုက်ထုတ်ရဘဲ သူ့ဆီကနေ ဓားကို ဆတ်ခနဲဆွဲယူသွားခဲ့တယ်။

သူ့လက်နက် လုယူခံလိုက်ရပေမဲ့ တကယ်တော့ ဒါက သိသာနေတဲ့ အမှန်တရားပဲလို့ လော်ကျန့်တွေးနေခဲ့တယ်။ သူက စက္ကန့်ပိုင်းလောက် နောင်တရနေခဲ့ပြီးနောက် ချက်ချင်းဆိုသလို လွတ်မြောက်နိုင်မဲ့ အခွင့်အရေးတခုကို စတင်ရှာဖွေနေခဲ့တယ်။

Stalker ကို သူတကယ်အနိုင်တိုက်နိုင်လိမ့်မယ်လို့ လော်ကျန့် လုံးဝကို အယုံအကြည်မရှိခဲ့ဘူး။

ဒီ Stalker ရဲ့ခွန်အားက သူ့ရဲ့အကြောက်တရား level နဲ့ တိုက်ရိုက်အချိုးကျတယ်၊ ဒါကို တိုင်းတာလို့မရနိုင်ဘူး။ တကယ်တော့ အဲ့ဒါက သူ့ရဲ့အားကောင်းတဲ့ ခွန်အားတခုတည်းကြောင့်မဟုတ်ဘူး၊ သူ့ရဲ့တိုက်ခိုက်ရေးကျွမ်းကျင်မှုက လော်ကျန့်ထက် အဆမတန် သာလွန်နေတာဖြစ်တယ်။ လော်ကျန့်နဲ့ ဒီလူကြားက ကွာဟချက်က အတော့်ကိုကြီးတာကြောင့် လော်ကျန့်ခမျာ စိတ်ပျက်လက်ပျက်ဖြစ်ရုံသာရှိတယ်။ လော်ကျန့်ကို တချက်ကြည့်လိုက်စမ်းပါ၊ သူက ပထမနေရာကို ရယူထားတဲ့ တခြားသူတယောက်ရဲ့အရှေ့မှာ မတ်မတ်ရပ်ဖို့ သတ္တိတောင်မရှိတဲ့ကောင်ပါပဲလေ။

"ငါထွက်သွားရမယ်! ငါ ဒီကနေ မြန်မြန်​ထွက်​​ပြေးရမယ်!" လော်ကျန့် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်တယ်။ လော်ကျန့်က ဖုန်းယွီလန်ကို လိမ်ပြောလိုက်တာပင်။ 'တံခါး' ဘယ်နေရာမှာရှိလဲဆိုတာကို Stalker ရဲ့ပါးစပ်ကနေ ပြောထွက်အောင်လုပ်ဖို့ သူ့မှာ သေချာပေါက် ဘာနည်းလမ်းမှမရှိဘူး! ဒီလိုအရာမျိုးက လော်ကျန့်အတွက် လုံးဝမဖြစ်နိုင်တာ အသိသာကြီးပဲလေ! ဆောင်ခန်းက သူ့ကို လွယ်လွယ်လေး ထွက်ပြေးလွတ်မြောက်ခွင့် မပေးဘူးလို့တော့ လာမပြောနဲ့၊ သူ့ကို လွယ်လွယ်နဲ့ ထွက်ပြေးလွတ်မြောက်ခွင့် မပေးတဲ့သူက သူ့ရှေ့က Stalker ဆိုတာကြီးပဲ!

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now