《 Chapter 42 》

826 167 9
                                    

^Unicode^

မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်

အခန်း (၄၂) : မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်မှ ထွက်ပြေးလွတ်မြောက်ခြင်း (အပိုင်း ၁)

အစောပိုင်း လော်ကျန့်ရှာတွေ့ခဲ့တဲ့ မှန်ရဲ့နောက်ဆုံးအပိုင်းအစကို အလောင်းဦးခေါင်းခွံရဲ့အက်ကွဲကြောင်းထဲမှာ ဝှက်ထားခဲ့တာဖြစ်တယ်။ ဒီအခြင်းအရာက လူ့ခန္ဓာကိုယ်ထဲမှာ ပစ္စည်းတွေ ဝှက်ထားနိုင်တဲ့အပြင် ထိုခန္ဓာကိုယ်မှာ ပစ္စည်းတွေ ဝှက်ထားနိုင်ခြေများတယ်ဆိုတာကို လော်ကျန့်အား သဘောပေါက်သွားစေခဲ့တယ်။ အလောင်းအားလုံးနီးပါး သူထုနှက်ရိုက်ချိုးခဲ့ပြီး မှန်အပိုင်းအစလေး တခုကိုသာ ရှာတွေ့ခဲ့တယ်။ ထို့အပြင် သူ အခုထိ မစစ်ဆေးရသေးတဲ့ အလောင်းနှစ်လောင်းသာ ကျန်ရှိတော့တယ်။

"စိတ်မရှိပါနဲ့ဗျာ" အတန်ကြာ စဉ်းစားဆင်ခြင်ပြီးနောက် လော်ကျန့် လှုပ်ရှားလိုက်တယ်။ ဆရာ့အလောင်းကို မျက်နှာကြက်ကနေ ဖြုတ်ကာ သယ်ချလာပြီး အံကိုကြိတ်ကာ အလောင်းရဲ့အင်္ကျီအဝတ်အစားတွေကို ဆွဲဖြဲလိုက်တယ်။ အရိုးစုပေါ်မှာ ထူထပ်ပြီး ရွံစရာကောင်းတဲ့ အသားပုပ်အချို့ ကျန်ရှိနေသေးတယ်။ အဝတ်အားလုံးကို သူချွတ်ပစ်လိုက်တဲ့အခါမှာတော့ ရင်အုပ်အရိုးအိမ်တခုလုံး ပေါ်လာခဲ့တယ်။ အတွင်းအင်္ဂါတွေက မည်းညစ်ညစ်ရေအိုင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီဖြစ်တယ်။ အချိန်အတော်ကြာ ရှာဖွေပြီးတဲ့နောက် ဆရာ့ပါးစပ်ထဲကနေ သော့တချောင်းနဲ့ လျှို့ဝှက်ဆောင်ခန်းမှ ပုံမှန်အသုံးပြုလေ့ရှိတဲ့ ခရမ်းရောင်ပန်းပွင့်ပုံစံ ရိုက်နှိပ်ထားတဲ့ စာရွက်ပိုင်းတခုအား လော်ကျန့်တယောက် နောက်ဆုံးမှာ ရှာဖွေတွေ့ရှိခဲ့တယ်။

သော့က သံချေးတက်နေပြီဖြစ်တယ်။ မှတ်စုစာရွက်အား သူဖြည်ကြည့်လိုက်ချိန်မှာ အကြောင်းအရာက အောက်ပါအတိုင်းဖြစ်တယ်။

【 လေးစားရပါသော မစ္စတာလော်ကျန့်။ 】

【 အခုအချိန်မှာ သင့်အနေနဲ့ ဒီလျှို့ဝှက်ဆောင်ခန်းနဲ့ပတ်သတ်တဲ့ တချို့အရာတွေကို သဘောပေါက်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်၊ အဲ့ဒါကြောင့် ပုံရိပ်ယောင်ဆောင်ခန်းထဲမှာ နောက်ထပ်သော့တချောင်းရှိတယ် ဆိုတာကို သင့်ထံ ပွင့်ပွင့်လင်းလင်း ပြောပြရတဲ့အတွက် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။ 】

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now