《 Chapter 33 》

1.2K 254 11
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၃၃) : အရမ်းအေးလွန်းတယ် (အချပ်ပို)

ရှင်းယန်တယောက် အမှောင်ထုထဲမှာ အချိန်တော်တော်မှတော်တော့်ကိုကြာအောင် မတ်တပ်ရပ်နေမိဆဲပင်။

ဒီနေရာက ပိန်းပိတ်အောင် မှောင်မည်းနေပြီး လှိုင်းလေထန်ကာ ကောင်းကင်ကြီးမရှိတဲ့အပြင် ကုန်းမြေဆိုတာလည်း မရှိဘူး။ ဒီနေရာမှာ ဘာအသံမှမရှိဘူး၊ ဘာသက်ရှိမှလည်း ရှိမနေဘူး။ ဘာဆိုဘာမှကိုမရှိဘူး။ ရှင်းယန်တယောက်တည်းပဲရှိတယ်။ ဒီအေးခဲပြီး အုံ့မှိုင်းနေကာ ဗလာနတ္ထိဖြစ်ခြင်းရဲ့ဖရိုဖရဲနေရာကြီးထဲမှာ သူငြိမ်ငြိမ်လေးခွေနေရင်း အလင်းရောင်တခု ပေါ်ထွက်လာမှာကို စောင့်စားရင်း တနေ့ပြီးတနေ့ သည်းခံနေထိုင်ခဲ့တယ်။

ဒီအမှောင်ထုအတွင်းမှာပဲ သူ့ရဲ့လိုအင်ဆန္ဒတခု မွေးဖွားလာခဲ့တာဖြစ်တယ်။

သူ့နာမည်ကို သူ မမှတ်မိဘူး၊ သူဘယ်ကလာတယ်ဆိုတာကိုလည်း မမှတ်မိဘူး၊ သူ့အတိတ်ကို ပြန်အမှတ်မရတဲ့အပြင် သူ့အနာဂတ်ကလည်း မသေချာဘူး။

သူက ရှင်းယန်လို့ခေါ်တဲ့ လူတယောက်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်၊ သို့ပေမဲ့ အခုအချိန်မှာ သူဆိုတာက 'ရှင်းယန်' ဆိုတဲ့ နာမည်သာရှိပြီး 'ရှင်းယန်' လို့ခေါ်တဲ့ ဒီလူရဲ့အခွံကြီးတခုသာဖြစ်တယ်။ သူက အမှောင်ထုထဲမှာ မွေးဖွားလာခဲ့တဲ့ တစ္ဆေတကောင်မျှသာဖြစ်ပြီး ဆောင်ခန်းတွေထဲမှာ မွေးဖွားလာခဲ့တဲ့ နတ်ဆိုးတကောင်ဖြစ်တယ်။

တကယ်တော့ သူက ရှင်းယန်ဆိုပေမဲ့ ရှင်းယန်လည်း မဟုတ်ပြန်ဘူး။

နောက်ဆုံးတော့ နေ့စဉ်ရက်ဆက် ဒီအမှောင်ထုထဲကနေ လွတ်မြောက်နိုင်မဲ့ အခိုက်အတန့်ကို ရောက်ရှိလာခဲ့တယ်။ သို့ပေသည့် အရိပ်တွေထဲကနေ ထွက်လာခွင့်ရမဲ့ တန်ကြေးက သူ့ရဲ့လိုအင်ဆန္ဒကို ဖယ်ရှားပစ်ဖို့ပဲဖြစ်တယ်။ သူ့စိတ်က ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အမိန့်တွေ သွတ်သွင်းထားတဲ့ ဂဏန်းပေါင်းစက်တလုံးနဲ့တူနေပြီး သူ့အတွက် တိကျတဲ့ အမိန့်တခုသာရှိတယ်၊ သိပ်ကိုရိုးရှင်းပြီး သိပ်ကိုရှင်းလင်းတယ်—"မြင်မြင်သမျှ သက်ရှိအားလုံးကို သတ်ပစ်"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now