Part-14

2.1K 195 30
                                    


ခြေအစုံဟာ ရပ်နေမိသည့်နေရာမှာ ခိုင်ခိုင်ခံ့ခံ့ထပ်မရပ်နိုင်တော့သလို အင်အားချည့်နဲ့လာသည်။ နဖူးထက်မှ စီးကျလာသောချွေးစများကို အလန့်တကြားသုတ်ဖယ်ရင်း ရဲရင့်တစ်ယောက် နံဘေးမှာရှိသည့် သစ်သားတိုင်တစ်ခုကို အထောက်အကူနှယ်ကိုင်ကာ လဲကျချင်နေသောကိုယ်ကို ထူမတ်ရသည်။

ပတ်ပတ်လည်ရှိ ဝိုးတဝါးအရိပ်များက သူ့အနားမှ ပွတ်ကာသီကာဖြင့် ကူးချည်သန်းချည်လုပ်နေလေ၏။ ထိုအရိပ်တို့၏ပွတ်သပ်မှုကို ခံစားလိုက်ရသော ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် ဓာတ်လိုက်သွားသည့်အလား ထုံကျင်ထိရှရသည်။

"မလာနဲ့"

အင်အားများဆိတ်သုဥ်းကာ ခန္ဓာကိုယ်သည်လည်း လှုပ်မရပြုမရနှင့် ကူကယ်ရာမဲ့သည်။ အလိုရှိတိုင်း မတုံ့ပြန်နိုင်သည့် ယခုလိုအဖြစ်မျိုးက ရဲရင့်ကို တုန်လှုပ်ချောက်ချားစေသည်။ မပြေးလွှားရပါဘဲ မောဟိုက်လာသည့်ရင်အစုံသည် မွန်းကြပ်ရခြင်းများနှင့် ပြည့်နှက်လျက်ရှိသည်။ သူ့အတွက်တော့ ချောင်ပိတ်၍ အဖမ်းခံရခြင်းနှင့်မခြားပေ။

သူတစ်ယောက်တည်းချောက်ချားနေခိုက် သူ၏ပတ်ပတ်လည်ရှိ မြင်ကွင်းများသည် ရုတ်ချည်းပြောင်းလဲသွားလေသည်။ သူ့ဘေးတွင် သူ၏သူငယ်ချင်းများစုံလင်စွာရှိနေပြီး အားလုံးက သူ့ကို စက်ဆုပ်ရွံမုန်းစွာ စိုက်ကြည့်နေကြသည်။ ထိုအကြည့်များသည် တုန်လှုပ်နေသော သူ၏စိတ်အစဥ်ကို သေမိန့်ချလိုက်သည့်အလား...။

"မင်းက သူငယ်ချင်းအချင်းချင်းစည်းဖောက်တဲ့ကောင်.."

"အနည်းဆုံးတော့ အခြေခံလူကျင့်ဝတ်ကို စောင့်ထိန်းပါဦးကွာ"

"အခုကစပြီး ငါတို့သူငယ်ချင်းမဟုတ်တော့ဘူး"

တစ်ယောက်တစ်ပေါက်စွပ်စွဲချက်များအကြား ရဲရင့်၏ခေါင်းတစ်ခုလုံး ချာချာလည်ရလေပြီ။ နားထင်ဆီမှနာကျင်ကိုက်ခဲမှုသည် ရင်ဘတ်တစ်ခုလုံးကို စူးရှနာကျင်စေသည့်အခါ သူရှင်းပြမည့်စကားလုံးမှန်သမျှကလည်း လည်ချောင်းထဲမှာသာ တစ်ဆို့ကုန်တော့သည်။

"မဟုတ်..မဟုတ်ဘူး။ ငါရှင်းပြမယ်"

"ထပ်ပြီးအလိမ်အညာတွေပဲမလား"

I Found My Prince Charming (Season-3) [Completed]Wo Geschichten leben. Entdecke jetzt