Unicode Version
လင်းရိပ်မာန်ပြောသည့် စပရိုက်ဆိုသောအရာသည် နောက်ထပ်နှစ်ပတ်အကြာမှာ ရဲရင့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပေသည်။ ထိုစပရိုက်သည် ရဲရင့်၏အခန်းရှေ့ကို အထုပ်နှင့်အပိုးနှင့် ရောက်ရှိလာခြင်းသာဖြစ်၏။
ယနေ့မှာ သူ၏တိုက်ခန်းရှေ့ရှိအခန်းလွတ်ကို တစ်စုံတစ်ယောက်ပြောင်းလာလိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်ကတည်းက ရဲရင့် သတင်းကြားထားသည်။ ထို့ကြောင့် ထိုအခန်းထဲကို ပရိဘောဂများနှင့် အထုပ်အပိုးတချို့သွင်းချည်ထုတ်ချည်လုပ်နေသည်ကို တွေ့သည့်တိုင် နည်းနည်းမျှအာရုံမစိုက်မိချေ။
သို့သော် သူ အပြင်သွားမည့်အချိန်လေးမှာ အလုပ်သမားတချို့နှင့်အတူ ထိုအခန်းထဲမှထွက်လာသောအိမ်ရှင်အသစ်နှင့် ပက်ပင်းတိုးမိခိုက်မှာတော့ ရဲရင့်တစ်ယောက် တံခါးဝမှာ ကြောင်တောင်တောင်နှင့်ရပ်နေမိသည်။
"မင်း.. မင်းက ဒီမှာဘာလုပ်နေတာလဲ"
လင်းရိပ်မာန်သည် အလုပ်သမားများကို တစ်စုံတစ်ခုပြောဆိုနေရာမှ မျက်နှာချင်းဆိုင်အခန်းဘက်မှ ရဲရင့်ထွက်လာသည်ကိုမြင်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းအောင် တည်တင်းနေသောမျက်နှာဟာ နေခုနစ်စင်းအလင်းဆောင်လိုက်သည့်နှယ် ဝင်းလက်တောက်ပသွားရှာသည်။
"နိုးနေပြီလား။ မဟုတ်ရင်တောင် အခုပဲလာနှိုးတော့မလို့"
ပါးစပ်ကပြောရင်း လက်ကလည်း ရဲရင့်၏ခါးကိုဆွဲဖက်လိုက်လေရာ ယခုအထိ အနားမှာရှိနေသေးသောအလုပ်သမားများခမျာ ပူးကပ်သွားပါသောအမျိုးသားနှစ်ယောက်ကို ကြောင်အစွာငေးနေမိတော့သည်။
ရဲရင့်ကတော့ လင်းရိပ်မာန်နှင့်စတွဲကတည်းက ယခုလိုအခြေအနေမျိုးနှင့် နေသားကျနေသည့်အပြင် သူကိုယ်တိုင်ကလည်း ထိုအရာမျိုးကို ဂရုမစိုက်သူမို့ ထိုတုံ့ပြန်ပုံများကိုစိတ်ထဲမထားချေ။
"မင်းမှာ ရှင်းပြစရာတွေရှိနေသေးတယ်နော်"
"အင်းပါ။ သိပါတယ်။ ဘာတွေလောနေတာလဲ။ မနက်စာသွားစားမယ်လေ။ သွားရင်းနဲ့ လမ်းမှာရှင်းပြမှာပေါ့"
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။