Extra-3

2.4K 176 16
                                    

Unicode Version

နောက်တစ်ခေါက်ပိတ်ရက်မှာလည်း ရဲရင့်ဟာ အပြင်ထွက်လည်ချင်စိတ်ကိုမြိုသိပ်ကာ လင်းရိပ်မာန်စိတ်ကျေနပ်စေရေးကိုသာ ဦးစားပေးခဲ့သည်။ ပိတ်ရက်တစ်ရက်လုံးကို နွေးရိပ်ငြိမ်မှာ အတူကုန်ဆုံးကြမည်ဟုပြောလိုက်ချိန်မှာ လင်းရိပ်မာန်ထံမှ ဖုံးဖိထားသောပျော်ရွှင်မှုအရိပ်အယောင်လေးကို ရဲရင့် ဖျတ်ခနဲမြင်လိုက်ရသည်။

အချစ်ဆိုသည်မှာ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုကို မျှဝေခြင်းရယ်သာ...။

ဂေဟာကိုမသွားခင် လက်ဆောင်ပစ္စည်းတချို့ကိုလည်း စီစဥ်သင့်သည်ဖြစ်ရာ ရဲရင့်လည်း ဂေဟာဘက်ကိုမမောင်းခင် ကားကို နီးစပ်ရာကုန်တိုက်တစ်ခုကို ဦးတည်လိုက်သည်။ ဦးတည်ရာလွဲနေသည်ကို သတိထားမိသွားသောလင်းရိပ်မာန်ကလည်း အကြောင်းအရင်းကို မေးမြန်းလာသည်။

"ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ ဂေဟာကိုသွားမှာမဟုတ်ဘူးလား"

"သွားမှာလေ။ ဒါပေမဲ့ လက်ဗလာနဲ့သွားရမှာတော့ မဟုတ်သေးဘူးလားလို့။ တစ်ခုခုဝင်ဝယ်ရအောင်လေ။ မေမိုးတို့လူကြီးတွေအတွက်ရော ဘုန်းပြည့်လေးလည်း ရှိသေးတယ်"

လင်းရိပ်မာန်၏အမူအရာမှာ အနည်းငယ်တွန့်ဆုတ်ဆုတ်ဖြစ်နေသည်ကို မြင်သော် ရဲရင့်လည်း သူ့စကားထဲမှာ အမှားများပါသွားလေသလားဟု အပြန်ပြန်အလှန်လှန်တွေးတောသော်လည်း အဖြေရှာမရပေ။ ထိုကြောင့် ကားကို လမ်းဘေးကိုကပ်ကာရပ်လိုက်ပြီး လင်းရိပ်မာန်ကိုသာ တိုက်ရိုက်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

နံဘေးမှာရှိသောလင်းရိပ်မာန်အား စေ့စေ့စပ်စပ်ငေးမောရင်း မေးမြန်းမိလေရာ လင်းရိပ်မာန်က မတတ်သာဟန်သက်ပြင်းတစ်ချက်ချရင်း ပြောပြလာသည်။

"မေမိုးတို့အတွက် လက်ဆောင်ဝယ်တာကတော့ ကိုကိုရဲ့စေတနာမို့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ဘုန်းပြည့်ကျတော့.."

လင်းရိပ်မာန်ဟာ သူ့အကျင့်အတိုင်း မျက်ခုံးတစ်ဖက်ကို လက်နှင့်ကုတ်ခြစ်ရင်း တုံ့ဆိုင်းဟန်ပြသည်။ ဆက်ပြောရန်တွန့်ဆုတ်နေပုံမှာ လင်းရိပ်မာန်၏ စတိုင်လ်မဟုတ်ပေ။ သူ့အမူအရာကိုကြည့်၍ ရဲရင့်၏စိတ်ထဲမှာ စိုးရိမ်စိတ်တို့ပင် စတင်၀င်ရောက်လာချေပြီ။

I Found My Prince Charming (Season-3) [Completed]Donde viven las historias. Descúbrelo ahora