Part-32

2.3K 210 57
                                    

Unicode Version

မျှော်လင့်ခဲ့ရသောစနေနေ့ကို ရောက်လာချိန်မှာ လင်းရိပ်မာန်တစ်ယောက် ခါတိုင်းထက်ပင်ပို၍တက်ကြွနေပြီး မနေ့ကတည်းကဝယ်ခြမ်းထားခဲ့သည့် ဟင်းချက်စရာများကိုစစ်ဆေးနေသည်။

ချက်ရမည့်ဟင်းလျာများကို အတည်ပြုနေချိန်မှာပင် သူ့ဖုန်းကထမြည်လာသည်။ မနက်စာစားနေသည့်ရဲရင့်ကလည်း ဖုန်းသံကိုကြားသည်နှင့် အမှုမဲ့အမှတ်မဲ့လှမ်းကြည့်သည်။ သူတို့နှစ်ယောက်က နီးနီးလေးမှာရှိနေကြသည်ဖြစ်ရာ သူ့ဖုန်းကိုလေခါ်လာသောနံပါတ်ကို ရဲရင့်က ဖျတ်ခနဲလှမ်းမြင်လိုက်သည်။

လင်းရိပ်မာန်က ဖုန်းကိုကောက်ကိုင်တော့မည်ဆဲဆဲ ရဲရင့်က သူ့လက်ကိုလှမ်းကိုင်ကာ တားသည်။ လင်းရိပ်မာန်ကလည်း ဘာကြောင့်တားသည်ကိုမသိ၍ အကြောင်သားလှည့်ကြည့်၏။

"ဘာဖြစ်တာလဲ"

"ဒါ သူရရဲ့ဖုန်းနံပါတ်ကြီးလေ..။ မင်းနဲ့သူက ဘယ်လို.."

"ဟမ် ကျွန်တော်လည်းဘယ်သိမှာတုန်း"

ထိုအခါမှသာ နှစ်ယောက်သားလည်း အထူးအဆန်းဖြစ်သွားရသည်။ လင်းရိပ်မာန်က ဖုန်းကိုင််လိုက်ချိန်မှာ ရဲရင့်က စပီကာပါဖွင့်ခိုင်းသည်။ လင်းရိပ်မာန်လည်း မငြင်း။

စပီကာဖွင့်ထားခြင်းကြောင့် ဖုန်း၏တစ်ဖက်မှ ကျယ်လောင်စူးရှသောအော်သံနှစ်သံက စူးခနဲထွက်လာချိန်မှာ လင်းရိပ််မာန်ရော ရဲရင့်ပါ ဖုန်းနှင့်ခပ်ခွါခွါဖြစ်အောင် ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက််ကြသည်။

"ကိုကို..နိုနိုတို့ပါ"

"ကိုကို... ရိန်းတို့ဖုန်းခေါ်တာ"

ရဲရင့်မှာ ယခုမှသာ အကြောင်းစုံကိုသဘောပေါက်သွားဟန်ဖြင့် ခပ်စစပြုံးကာ ခေါင်းတခါခါလုပ်နေလေသည်။ လင်းရိပ်မာန်လည်း ရဲရင့်ကိုလှည့်ကြည့်ရင်း အသံထွက်အောင်ရယ်မောမိတော့သည်။

ကလေးနှစ်ကောင်သည် သူ့အဖေဖုန်းကိုခိုးယူထားပြီး သူ့ဆီီကိုဆက်လာပုံရသည်။

"ဟေ့ ကလေးတွေ..ဖုန်းတွေခိုးကိုင်နေတယ်ပေါ့လေ"

"ခိုးတာမဟုတ်ပါဘူးနော်။ ဖေဖေကအိပ်နေတာမို့ ဖုန်းကိုခဏငှါးသုံးတဲ့သဘောပါ"

I Found My Prince Charming (Season-3) [Completed]Où les histoires vivent. Découvrez maintenant