Part-27

2.3K 192 39
                                    

Unicode Version

[A/N: Warning သေးသေးလေးပေးပါတယ်။ 15+လောက်ပေါ့။ Please Read at your own risk]

မေးရိုက်လုမတတ် ချမ်းအေးသောဆောင်းညအလယ်မှာ အမှောင်ထုနှင့်အတူ တိတ်ဆိတ်မှုတို့ကြီးစိုးနေချိန် ရဲရင့်၏နေရာလေးတစ်ခုကသာ ခပ်ကြိတ်ကြိတ်ဆူညံနေသယောင်ပင်။

အမူးသမားလေးသည် အမှန်တကယ်အသိစိတ်လွတ်နေဟန်ပေါ်သည်။ ပြောသမျှစကားတိုင်းသည် သွက်လက်တက်ကြွနေသောလေသံ၏ပံ့ပိုးပေးမှုကြောင့် ရွှင်မြူးဖွယ်ကောင်းနေသော်လည်း အကြောင်းအရာတစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိမနေပေ။

သူသောက်ခဲ့ဖူးသည့် ဝိုင်အမျိုးအစားများအကြောင်း ခွဲခြမ်းစိတ်ဖြာပြနေရာမှ ရုတ်ချည်းဆိုသလိုပင် ကြက်သားကိုချက်ထားသည်ထက် ကြော်ထားသည်ကိုသာ စားချင်သည့်အကြောင်းကိုရောက်သွားတတ်သလို ထိုအကြောင်းကိုပြောနေရင်းမှ ငယ်ငယ်ကရခဲ့သည့်အမာရွတ်များအကြောင်းကိုလည်း ရောက်သွားတတ်သေးသည်။

"အဲ့ဒီအချိန်တုန်းက ကျွန်တော့်ခန္ဓာကိုယ်က အခုလိုအကြမ်းမခံသေးဘူး။ ဒီဒဏ်ရာကြီးကြောင့် ဖျားတောင်ဖျားသွားသေးတယ်"

ဦးတည်ရာမရှိသည့်စကားများကြောင့် နားညည်းနေပြီဖြစ်သောရဲရင့်မှာ ဧည့်သည်နားသည့်အခန်းထဲ၌ လင်းရိပ်မာန်ကိုလှဲအိပ်စေပြီးနောက် အပြင်ကိုထွက်ရန်ကြံလိုက်သော်လည်း စကားပြော၍ကောင်းနေသေးသော အမူးသမားလေး၏တားဆီးခြင်းကိုခံလိုက်ရသည်။

"ပြီးတော့လေ ဘေဘီသိလား.."

"မသိဘူး"

အမူးလွန်နေသောကြောင့် ပြောလက်စစကားကိုပင် ရှေ့ဆက်ရန်ခက်နေသောလင်းရိပ်မာန်သည် ဘာဆက်ပြောရမည်ကို သတိမရတော့ဟန်ဖြင့် ကြောင်အနေသည်မှာ အလွန်ရယ်စရာကောင်းသည်။

လင်းရိပ်မာန်တစ်ယောက် မျက်မှောင်ကြုတ်ထားပြီး သူပြောရမည့်စကားကို အတင်းအကြပ် ဖျစ်ညှစ်၍ စဥ်းစားနေပုံမှာ တုံးတုံးအအအကောင်ပေါက်လေးတစ်ကောင်နှယ် ချစ်စဖွယ်ကောင်းနေလေရာ ရဲရင့်မှာ ပခုံးနှစ်ဖက်လုံး တသိမ့်သိမ့်တုန်သည်အထိ ကြိတ်ရယ်နေမိသည်။

I Found My Prince Charming (Season-3) [Completed]Donde viven las historias. Descúbrelo ahora