Part-2

3.8K 261 28
                                    

Unicode Version

ရာသီဥတုသည် အပြင်ထွက်ပြီး ခြေချရန်ပျင်းရိစေသည်အထိ စိုစွတ်လွန်းလေရာ ရဲရင့်လည်း နေ့လယ်စာကို စားနေကျဆိုင်မှ Deliveryနှင့် မှာယူရန်သာဆုံးဖြတ်လိုက်သည်။ အိပ်ရာထနောက်ကျသဖြင့် မနက်စာနှင့်​နေ့လယ်စာကို ပေါင်းစားရပေတော့မည်။ ပုံမှန်ဆိုလျှင် ယ​နေ့သည် သူ့အဖေ၏အလုပ်ကိုသွား၍ ကူပေးတတ်သော်ငြား ကတောက်ကဆဖြစ်ပြီးနောက် သူ့အဖေက သူ့ကိုကုမ္ပဏီမှာပင် ခြေမချစေသဖြင့် သူ့အတွက်လည်း အားလပ်ချိန်များစွာ ပိုထွက်လာသည်။

သားအဖနှစ်ယောက်ကြားက ကတောက်ကဆဖြစ်သွားရသည့်ကိစ္စကို ရဲရင့်၏အမေဖြစ်သူက မသိသေးချေ။ အသိပေးရန်လည်း မလိုအပ်ဟု ရဲရင့်ထင်သည်။ သူဟာ မိဘကိုမခင်တွယ်တတ်သည့်သဘာဝရှိသူမို့ ဖခင်နှင့်ပြေလည်ခြင်း၊မပြေလည်ခြင်းကိုလည်း စိတ်ထဲတွင်ကြာကြာမထားတတ်ပေ။

"အာ...Deliကလည်း ကြာလိုက်တာကွာ"

ဆိုင်နှင့်သူ၏တိုက်ခန်းမှာ အလွန်မဝေးလှသောအကွာအဝေးတွင်ရှိသည်မို့ ဆယ့်ငါးမိနစ်မျှနှင့်ပင်ရောက်နိုင်သည်။ ယခုတော့ သူစောင့်နေသည်မှာ တစ်နာရီနီးပါးဖြစ်သွားလေပြီ။ သူ့အမှာကိုများ မေ့သွားလေသလားမသိ။

ရဲရင့်လည်း စိတ်တိုတိုနှင့် ဆိုင်ကိုနောက်တစ်ခေါက်ဖုန်းဆက်မည်အပြု လူခေါ်ခေါင်းလောင်းသံက ဟိန်းခနဲမြည်လာသည်။ ဖုန်းကိုကိုင်ထားလျက်သားနှင့် တံခါးသွားဖွင့်လိုက်သောအခါ ထင်ထားသည့်အတိုင်းပင် နောက်ကျလွန်းမကနောက်ကျနေသည့်လူကို မြင်လိုက်ရသည်။

ကိုယ့်အပြစ်ကိုသိရှာသည့် ထိုလူမှာ ရဲရင့်ကိုမြင်သည်နှင့် လှိုက်လှဲလွန်နေသော အပြုံးကိုဆင်မြန်းရင်း အားတုံ့အားနာတောင်းပန်လေတော့သည်။

"ကျွန်တော်တောင်းပန်ပါတယ်။ ဒီနေ့ကျမှ ဆိုင်ကအလုပ်သမားတွေက လူနည်းနေတော့ ကျွန်တော်ကိုယ်တိုင်ပဲလိုက်ပို့နေရတယ်"

"ပိုင်ရှင်ကိုယ်တိုင် လိုက်ပို့နေရတာပဲ။ တော်တော်အလုပ်များနေပုံရတယ်"

မပြုံးမရယ်နှင့်ရုပ်တည်နေသောရဲရင့်ကို မဝံ့မရဲကြည့်ရင်း တတွတ်တွတ်တောင်းပန်နေသော လူငယ်လေးမှာ အသက်အရွယ်အားဖြင့် နှစ်ဆယ်မျှသာရှိပေဦးမည်။ တက်တက်ကြွကြွဟန်ပန်များနှင့် ဖော်ရွေသောအပြောအဆိုတို့က ထိုသူ့ကိုပို၍လူချစ်လူခင်များစေသည်။

I Found My Prince Charming (Season-3) [Completed]Donde viven las historias. Descúbrelo ahora