Unicode Version
ပြဿနာ၏အရင်းအမြစ်ကို ရဲရင့်သိသွားပြီးနောက် ယိမ်းလက်ယာ၏နေ့ရက်တို့ဟာ ပို၍ကြပ်တည်းလာလေကြောင်း လင်းရိပ်မာန်မြင်လာရသည်။ ထိုကိစ္စနှင့်ပက်သက်ပြီး ရဲရင့်က သူ့ကို ဝင်မပါခိုင်းသလို မသိချင်ယောင်လည်းဆောင်ခိုင်းထားသေးသည်။ ကိစ္စအဝဝကို သူတာဝန်ယူလိုက်မည်ဟူသော စကားတစ်ခွန်းဖြင့် လင်းရိပ်မာန်လုပ်ထားသမျှအစီအစဉ်များကို ဖျက်သိမ်းစေသည်။
ရဲရင့်က မသိချင်ယောင်ဆောင်ခိုင်းထားသော်လည်း သူကတော့ဖြင့် နားမစွင့်ဘဲမနေနိုင်။
ဤရက်ပိုင်းတွင် ရဲရင့်သည် မကြာခဏအပြင်ထွက်သွားတတ်သည်။ သူအပြင်ထွက်သည့်နေ့တိုင်းလည်း ယိမ်းလက်ယာနှင့်ပတ်သက်ပြီး သတင်းတစ်ခုထွက်လာတတ်စမြဲ။
ပထမဆုံးအနေနှင့် ယိမ်းလက်ယာသည် အဝေးသို့အပို့ခံထားခဲ့ရသည့်အကြောင်းအရင်းမှာ သူဟာဂေးဖြစ်ကြောင်း သတင်းအစအနထွက်လာ၍ဖြစ်ပြီး သူမိဘများက ထိုသတင်းမပေါက်ကြားစေရန် ဖုံးဖုံးဖိဖိလုပ်ခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့် ယိမ်းလက်ယာသည် ဤနေရာကိုပြန်လာဖို့ လုပ်ငန်းစုကြီးတစ်ခု၏သခင်မလေးတစ်ယောက်နှင့် စေ့စပ်ဖို့သဘောတူခဲ့ရသည်ဟူသောသတင်းပင်။
ထို့ပြင် တစ်ဖက်မိန်းကလေးရှင်ဘက်က ထိုကိစ္စနှင့်ပတ်သက်၍ နည်းနည်းမျှမသိရဘဲ ယိမ်းလက်ယာ၏မိဘများထံမှ အလိမ်အညာခံရင်း စေ့စပ်ပွဲကိုစီစဥ်ဖြစ်ခဲ့ကြခြင်းသာ။
သူတို့ဟာ သမီးဖြစ်သူက ယိမ်းလက်ယာကိုသဘောကျသည့်အပြင် သူတို့၏သမီးကို တန်ဖိုးထားမည်ဟူသော ထိုသူတို့၏စကားလှလှလေးထံမှာနစ်မြောပြီး ဤကိစ္စကြီးကို သဘောတူခဲ့ကြခြင်းဖြစ်ပြီး အကယ်၍ သူတို့၏သမီးဖြစ်သူ ဂုဏ်သရေညှိုးနွမ်းအောင်လုပ်ခဲ့ပါက အဆမတန်ပြန်ပေးဆပ်ခိုင်းမည့်လူစားမျိုးဖြစ်ကြ၏။
ယိမ်းလက်ယာ၏မိဘများက သူတို့သားအတွက် ထိုကဲ့သို့အစီအစဥ်ချပေးနေချိန်မှာ ရဲရင့်ကတော့ ထိုသတင်းများကိုအသုံးချပြီး ယိမ်းလက်ယာကိုရိုက်ချရန် အကွက်ချနေခြင်းသာ။
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။