Unicode Version
မနေ့က နေပူထဲမှပြန်ရောက်ရောက်ချင်း ရေချိုးလိုက်သည့်ရလဒ်အနေနှင့် ရဲရင့်မှာ နောက်တစ်ရက်နေ့လယ်ပိုင်းအထိ အပူလျှပ်ပြီးဖျားနေခဲ့သည်။ စိတ်တင်းထားခြင်းကြောင့်ရော၊ အဖျားတာမရှည်ခြင်းကြောင့်ပါပေါင်း၍ ညနေစောင်းလောက်မှာ အဝတ်အစားလဲ ပြင်ဆင်ပြီးနောက် ဂေဟာလေးဆီကို လက်ဆောင်တစ်ခုနှင့်အတူ ထွက်လာခဲ့လိုက်သည်။
အလွန်နောက်ကျမှရောက်လာ၍ထင့်။ ဂေဟာရှေ့မှာ သူ့ကို အမြဲလိုလိုစောင့်နေတတ်သော ဘုန်းပြည့်လေးပင်မရှိ။ ဂေဟာထဲမှ စာရွတ်ဆိုသံသဲ့သဲ့လည်း ကြားနေရသဖြင့် ယခုဟာ စာသင်ချိန်ဖြစ်နိုင်ကြောင်း ရဲရင့်ရိပ်စားမိလိုက်သည်။
ယနေ့အဖို့ သူ့အတွက် သတင်းပို့ပေးမည့်လူမရှိသည့်အတွက် ရဲရင့်လည်း ဂေဟာရှေ့မှာသာ အကြောင်သားရပ်နေမိတော့သည်။
ဂေဟာထဲမှာလည်း တိတ်ဆိတ်လွန်းနေပြီး အနီးအနားမှာလည်း ကလေးတစ်ယောက်မျှမရှိ။ သူ့မှာ ယခင်ရက်များကတည်းက ဤအခြေအနေနှင့် မကြုံဖူးခဲ့လေရာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်နေမိ၏။
ထိုအခိုက်မှာပင် သူ၏နေရခက်မှုကိုကယ်တင်ပေးမည့် ကလေးလေးသည်ကား သူရှိရာကို တဟုန်ထိုးပြေးလာလေသည်။ ပြေးလာသည့်အရှိန်မှာ မြန်လွန်း၍ ထိုကလေး၏ဆံပင်များပင် လေဟပ်ခြင်းကြောင့် ဖွာလန်ကြဲလျက်လွင့်ပျံနေလေရဲ့။
ဆယ်နှစ်သာသာအရွယ်ရှိသော ဘုန်းပြည့်လေးဟာ ပုံမှန်ထက်မြန်သောအရှိန်ဖြင့် သူ့အနားကို မနားတမ်းပြေးလာနေခြင်းသာ။
"ဦးဦး"
ခပ်စူးစူးလေသံလေးဖြင့် သူ့အားအော်ခေါ်လာသော ဘုန်းပြည့်ကိုလက်ပြလိုက်ရင်း ဖြည်းဖြည်းလာဖို့လည်း တိုက်တွန်းရသေးသည်။
"ဖြည်းဖြည်းလာပါကွာ"
သူ ဘယ်လောက်ပြောပြော ဘုန်းပြည့်လေးကတော့ သူ့အနားရောက်သည်အထိ ပြေးလာနေဆဲသာ။ အမောတကောပြေးလာရရှာသဖြင့် နဖူးတစ်ပြင်လုံးချွေးသီကာ နဖူးစပ်နားရှိဆံစများမှာ ချွေးကြောင့် နဖူးသားနှင့်ကပ်နေရှာသည်။
DU LIEST GERADE
I Found My Prince Charming (Season-3) [Completed]
Romantikသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။