Unicode Version
"မင်း ဘာစောက်စကားပြောလိုက်တာလဲ"
လင်းရိပ်မာန်သည် စော်ကားမော်ကားအပြောအဆိုခံရခြင်းကြောင့် ကောင်တာကိုမှီ၍ လျော့တိလျော့ရဲမတ်တပ်ရပ်နေရာမှ ခါးကိုဆန့်လိုက်သည်။ သူ့အရှေ့တွင် သူ၏သူငယ်ချင်းသုံးယောက်ရှိနေပြီး ထိုသုံးယောက်စလုံးသည် သူ့အား မယုံကြည်နိုင်မှုများနှင့် မနှစ်မြို့ခြင်းများရောယှက်ထားသော အကြည့်တို့နှင့် စိုက်ကြည့်နေကြသည်။
"မင်းက သစ္စာဖောက်ကောင်..။ သူငယ်ချင်းအချင်းချင်းကိုတောင် စည်းမစောင့်တဲ့ကောင်.."
မြတ်သူ၏ဘေးနားတွင် မတ်တပ်ရပ်နေသော စည်သူဖြိုးသည် သူ့ကိုတည့်တည့်စိုက်ကြည့်၍ မိုက်တိမိုက်ကန်းစကားတို့ကို ဆိုလေ၏။ ကျန်နှစ်ယောက်ကတော့ သူတို့နှစ်ယောက်အချင်းများနေသည်ကို ဝင်လည်းမတားဘဲ အကြောင်သားငေးမောနေကြသည်။
"ဟက်..။ မင်းမှာ ငါ့ကိုဝေဖန်ဖို့ ဘာစောက်ကြောင်းရှိလို့လဲ"
"မင်းကများ အခုထိလေသံမာပြရတယ်ရှိသေး..။ အဲ့ဒီရဲရင့်ဆိုတဲ့လူကို မြတ်သူသဘောကျနေတာသိရဲ့သားနဲ့ မင်းလိုက်နေတာကြီးက သိပ်မမိုက်ဘူးကွ"
လင်းရိပ်မာန်မှာ မဆီလျော်လှသောထိုစကားကြောင့် ဟားတိုက်၍ပင် ရယ်မောမိပါသည်။
"ဟက်...ငါကြိုက်လို့ ငါလိုက်တာ ဘယ်မအေ-ိုးကို စောက်ဂရုစိုက်ရမှာလဲ။ ငါ မြတ်သူနဲ့ တစ်ပွဲတစ်လမ်းနွှဲဖို့ စိန်မခေါ်တာနဲ့တင် မင်းတို့ကျေနပ်ရဦးမှာ"
မြတ်သူ၏နာမည်ကို လင်းရိပ်မာန်ကထုတ်ပြောလာသည့်အပြင် ဆဲဆိုစကားများအထိ ပါလာသောအခါ အာကာကျော်ကလည်း မနေနိုင်တော့ဟန်ဖြင့် ဝင်ပြောလာသည်။
"ဒါတော့များသွားပြီ လင်းရိပ်မာန်..။ မင်းဘက်ကစည်းကျော်တာ အသိသာကြီးကို မင်းက မြတ်သူကိုတောင် ရန်ရှာချင်သေးလို့လား"
မြတ်သူဘက်ကနာ၍ မြတ်သူကိုကာပြောပေးနေသော သကောင့်သားနှစ်ကောင်ကိုကြည့်ရင်း လင်းရိပ်မာန်ရယ်မိပြန်သည်။
"မင်းတို့က မြတ်သူနောက်မှာ အမြီးတနှံ့နှံ့နဲ့လိုက်နေတဲ့ ခွေးတွေလား။ ဘာပဲဖြစ်ဖြစ် အမြဲတမ်း မြတ်သူမြတ်သူနဲ့ မြှောက်စားပြနေတာ ဒီကောင်က မင်းတို့ကို အရိုးအရင်းတွေ စွန့်ကြဲလို့လား"
KAMU SEDANG MEMBACA
I Found My Prince Charming (Season-3) [Completed]
Romansaသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။