Unicode Version
"ဆိုတော့ သူပြောတဲ့အဓိပ္ပါယ်က ငါတို့နဲ့သူ.. နှစ်ခုထဲကတစ်ခုကိုရွေးခိုင်းတာလား"
ဖုန်းတစ်ဖက်ရှိ စိုင်းညီက ဝေခွဲရခက်စွာဆိုလာသည်။ ကျန်လူများကလည်း တွေးဆဆနှင့်သာ။
"ငါတော့ အဲ့လိုမထင်ဘူး"
လင်းရိပ်မာန်နှင့်တွေ့ပြီးပြန်လာကတည်းက ရဲရင့်မှာ ကိစ္စများကို မည်သို့နှယ်ကိုင်တွယ်သင့်ကြောင်း အခေါက်ခေါက်အခါအခါစဥ်းစားနေစဥ် ရှိုင်းထက်ယံကဖုန်းဆက်ပြီး လက်ရှိအခြေအနေကို မေးမြန်းလာသည်။
ထို့နောက် ကျန်လူများကပါ အခြေအနေကိုသိချင်နေကြကြောင်း ပြောပြီးသည်နှင့် သူတို့အားလုံး Video Callပြောကြဖို့ စီစဥ်ဖြစ်ခဲ့သည်။
တစ်ဖွဲ့လုံးအား လင်းရိပ်မာန်နှင့်ပတ်သက်သမျှ ကိစ္စအဝဝကို အစမှအဆုံးအထိ ပြောပြပြီးနောက်မှာ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အဖြေထုတ်ဖို့ရာအတွက် ရဲရင့်နှင့်အတူ သူတို့ကပါ ကူညီကာစဥ်းစားပေးနေကြခြင်းပင်။
လင်းရိပ်မာန်၏သဘောထားနှင့် ခံယူချက်များကို သိခဲ့ရပြီးနောက်မှာ သူပြောလိုက်သမျှစကားတိုင်းသည် ရဲရင့်အား သူငယ်ချင်းနှင့်ချစ်သူဆိုသည့် ရွေးချယ်စရာနှစ်ခုထဲမှ တစ်ခုကိုသာရွေးခိုင်းနေသည်နှင့်တူလှသည်။
သို့သော် အဓိပ္ပါယ်အစစ်အမှန်ဟာ ထိုသို့မဟုတ်ကြောင်း ရဲရင့်သိနေသည်။ လင်းရိပ်မာန်က သူ့ကိုယ်သူဒုတိယဦးစားပေးဖြစ်နေသည်ဟု အထင်မှားနေခဲ့ပြီး ထိုအနေအထားကို မည်မျှပင်သဘောမကျသည့်တိုင် သူ့ကိုတော့ဖြင့် ယခုလိုရွေးချယ်မှုအား ပြုလုပ်ခိုင်းမည့်လူစားမျိုးမဟုတ်။
"ငါလည်း ရဲရင့်ပြောတာသဘောတူတယ်။ တကယ်ဆိုရင် လင်းရိပ်မာန်ကိုယ်တိုင်ကလည်း အပေါင်းအသင်းမရှိဘဲ တစ်ကိုယ်တည်းဖြတ်သန်းလာရတဲ့အထီးကျန်မှုကို နားလည်နေတဲ့လူပဲလေ။ ဒါကြောင့် သူချစ်တဲ့လူကိုတော့ အခုလိုရွေးချယ်မှုကိုလုပ်ခိုင်းပြီး သင်းကွဲတစ်ကောင်အဖြစ်နဲ့ အထီးကျန်အောင်လုပ်မှာမဟုတ်ပါဘူး"
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။