Part-31

2.1K 195 19
                                    

Unicode Version

မျက်နှာချင်းဆိုင်ရှိတိုက်ခန်းကို လင်းရိပ်မာန်ပြောင်းလာသည့်အကျိုးဆက်ကတော့ ရဲရင့်မှာ နေ့နေ့ညည နှစ်ဆယ့်လေးနာရီပတ်လုံး သူ့မျက်နှာကိုမြင်နေရသည်သာ။

နေ့ဆိုလျှင်လည်း နေ့ဘက်အလျောက်၊ ညဆိုလျှင်လည်း ညဘက်အလျောက် နှောင့်ယှက်တတ်သောလင်းရိပ်မာန်မှာ တစ်ခါတရံဆိုလျှင် မြင်ရပါများ၍ အိပ်မက်ထဲအထိပင် ပါလာတတ်သေးသည်။ အိပ်မက်ထဲအထိပါ ညစ်တီးညစ်ပတ်များလိုက်ပြောနေသော လင်းရိပ်မာန်ကြောင့် ရဲရင့်ခမျာ အိပ်ရေးပျက်ရပေါင်းလည်းများလေပြီ။

အလုပ်သွား၊အလုပ်ပြန်တိုင်းလည်း သူ့ကားနှင့်သာ လိုက်ပို့၊လာကြိုလုပ်တတ်သဖြင့် ရဲရင့်၏ကားလေးဆိုလျှင် လျစ်လျူရှုခံထားရသည်မှာ ကြာပေပြီ။

ထိုကားသာစကားပြောတတ်လျှင် ရဲရင့်ကို ငါးစိမ်းမြင်၍ငါးကင်ကိုပစ်သွားသည်ဟုပင် စွပ်စွဲနေလောက်သည်။

ဤမျှအထိနီးစပ်သွားသော အခြေအနေကိုရောက်နေကြသည့်တိုင် သူ၏သူငယ်ချင်းများကိုတော့ လင်းရိပ်မာန်နှင့်ပတ်သက်သမျှ တစ်ခွန်းမျှမဟဖြစ်ပေ။ လင်းရိပ်မာန်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ထွေထွေထူးထူးသဘောမထားပေ။

သို့သော် တစ်ခါတရံမှာတော့ သူလည်း ကလန်ကဆန်လုပ်တတ်သေးသည်။

ရဲရင့်က သူ၏သူငယ်ချင်းများနှင့် Video Callပြောသည့်အခါတိုင်း ဘေးနားမှာ လင်းရိပ်မာန်ရှိနေလျှင် ငြိမ်ငြိမ်နေခိုင်းပြီး ကင်မရာမြင်ကွင်းထဲကိုရောက်မလာစေရန် သတိပေးထားတတ်သည်။

ထိုအခါမျိုးတွင် လင်းရိပ်မာန်သည် အစပိုင်းမှာနားထောင်သော်လည်း ဆယ့်ငါးမိနစ်ထက်ပိုကြာသွားလျှင် အငြိမ်မနေတတ်သော သူ၏အကျင့်ကစလာသည်။

သူသည် ရဲရင့်ကိုကတိပေးထားသလို ကင်မရာမြင်ကွင်းထဲကိုပေါ်မလာသော်ငြား ရဲရင့်၏ခန္ဓာကိုယ်ကို ဟိုတို့သည်တို့ဖြင့်စနောက်သည်။ တစ်ခါတရံမှာ ရဲရင့်၏အင်္ကျီအနားစကို အပေါ်ဘက်သို့လှန်တင်ကာ ကြွက်သားအမြှောင်းမြှောင်းထနေသော သူ၏ဝမ်းဗိုက်ကို သွားနှင့်တတိတိကိုက်ပြီး ကျီစယ်တတ်လာသလို တစ်ခါတလေမှာလည်း သူ့လက်များကို ထိုဝမ်းဗိုက်၏အောက်ဘက်နားမှာ အလုပ်ပေးထားတတ်သည်။

I Found My Prince Charming (Season-3) [Completed]Tempat cerita menjadi hidup. Temukan sekarang