Unicode Version
ဇာတ်သိမ်းပိုင်း
ချိန်းထားသောနေရာကိုရောက်လေတော့ ရဲရင့်က ဆိုင်ကယ်ကိုရပ်လိုက်သည်။ လင်းရိပ်မာန်လည်း နောက်ခုံပေါ်ကဆင်းလိုက်ပြီး ဖုန်းထုတ်၍ အချိန်ကိုကြည့်လိုက်သည်။
"ကွက်တိပဲ။ သူတို့ရောက်နေလောက်ပြီထင်တယ်"
"ဘယ်သူတွေလဲ"
ဆိုင်ကယ်ကိုပါကင်ထိုးပြီးသွားသော ရဲရင့်က သူ့အနားကိုရောက်လာပြီး ဇဝေဇဝါဖြင့် မေးခွန်းထုတ်လေတော့သည်။
ယနေ့ သူသည် ရဲရင့်၏သူငယ်ချင်းအားလုံးနှင့် တွေ့ဆုံရန်ချိန်းထားသဖြင့် ရောက်လာခြင်းဖြစ်ပြီး သူအတင်းဆွဲခေါ်၍ပါလာသောရဲရင့်ကတော့ ဘာမှမသိချေ။
သူတို့သည် အတူတကွတိုင်ပင်ဆွေးနွေးပြီးနောက်မှာ ဂေဟာမှထွက်လာခဲ့ပြီး မူလနေထိုင်ရာဖြစ်သောတိုက်ခန်းဆီကိုသာ ပြန်ပြောင်းရွှေ့ခဲ့ကြသည်။ ပစ္စည်းများကို နေရာတကျပြောင်းရွှေ့ပြီးချိန်မှာ သူက တစ်နေရာသွားစရာရှိသည်ဟုပြောပြီး ရဲရင့်ကိုခေါ်လာခြင်းပင်။
"အထဲကိုရောက်ရင်သိလိမ့်မယ်"
မျက်လုံးတစ်ဖက်မှိတ်ကာ ပဟေဠိဆန်ဆန်ဆိုလေသောသူ့ကြောင့် ရဲရင့်က နားမလည်သော်ငြား ကူကယ်ရာမဲ့စွာပြုံးပြလာသည်။ သူကလည်း ထိုအပြုံးလေးထံပါးခစားရင်း မခေါ်ဖြစ်တာကြာနေသောနာမ်စားလေးကို ထုတ်သုံးလိုက်သည်။
"သွားမယ်လေ ဘေဘီ"
လက်ဆွဲကာခေါ်လိုက်သော်ငြား နေရာမှာတင်တောင့်ခဲသွားရှာသော ရဲရင့်ကတော့ သူခေါ်ရာကိုပါမလာချေ။
လင်းရိပ်မာန်လည်း တစ်စုံတစ်ရာထူးဆန်းနေသောအငွေ့အသက်ကို ခံစားမိသဖြင့် ဘေးကိုငဲ့ကြည့်မိလေတော့ ရဲရင့်က သူ့အား အကြောင်သားငေးမောနေသည်နှင့် ပက်ပင်းတိုးလေ၏။
"ဘာဖြစ်လို့လဲ"
စူးရှစွာငေးမောနေသော မျက်ဝန်းတို့ဟာ တဖျတ်ဖျတ်လှုပ်ခတ်လာပြီးနောက် တစ်ဖက်ကိုအကြည့်လွှဲသွားလေရဲ့။
"သြော် သိပြီ။ ကိုကိုက ဘေဘီလို့အခေါ်ခံရတာကိုမကြိုက်ဘူးမလား"
KAMU SEDANG MEMBACA
I Found My Prince Charming (Season-3) [Completed]
Romansaသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။