Unicode Version
ယနေ့မှာ အပန်းဖြေစခန်းကို စစ်ဆေးရေးဆင်းရသည့်နေ့ဖြစ်၏။ ပုံမှန်ဆိုလျှင် ရဲရင့်သည် သူ၏ရုံးခန်းထဲ၌ အေးအေးလူလူအလုပ်လုပ်နိုင်သော်လည်း ယနေ့မှာတော့ လင်းရိပ်မာန်က သူ့ဘေးမှနေ၍ ထိုညကဖြစ်ပျက်ခဲ့သမျှကို မမောနိုင်မပန်းနိုင်မေးမြန်းနေလေရာ ရဲရင့်မှာ စိတ်ရှုပ်ရှုပ်ဖြင့် မျက်မှောင်ကြုတ်ထားမိသည်။
"ကျွန်တော် ဒီတိုင်းသိချင်ရုံပါ။ ခင်ဗျားကိုပြဿနာမရှာဘူးလို့ကတိပေးတယ်။ တကယ်ပဲ အဲ့ဒီညကဘာဖြစ်ခဲ့တာလဲ"
အမူးလွန်ခြင်းမကလွန်နေခဲ့သော ထိုအချိန်ကမှတ်ဥာဏ်များသည် အမူးပြေသွားချိန်တွင် ပြန်ဖော်၍မရတော့သဖြင့် လင်းရိပ်မာန်မှာ ရဲရင့်ကိုသာ အသည်းအသန်လိုက်မေးနေခြင်းဖြစ်သည်။
ရဲရင့်ကတော့ ဘာမှထွေထွေထူးထူးမရှိဟုဆိုသော်ငြား သူ၏မသိစိတ်က ထိုစကားမမှန်ကြောင်း သတိပြုမိနေသည်။ အချိန်အားဖြင့် တစ်ပတ်ကျော်လာခဲ့ပြီဆိုသော်ငြား ယခုအထိ သူမေးနေမိဆဲပင်။ သို့သော် သူဘယ်လောက်မေးမေး ရဲရင့်က ဘာမှမထူးခြားသလိုသာ ပြောဆိုနေသည်။
ရဲရင့်က မသိချင်ယောင်ဆောင်လေလေ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့ဘက်က ပိုစိတ်ဝင်စားလေလေပင်။
"ပြောပြစမ်းပါဗျာ... ကျွန်တော်စိတ်မရှည်တော့ဘူးနော်"
ရဲရင့်လက်ထဲကစာရွက်စာတမ်းများကို ဆတ်ခနဲဆွဲလုကာ လင်းရိပ်မာန်သတိပေးလိုက်သည်။ သို့သော် သူခြိမ်းခြောက်နေသူမှာ ခေသူမဟုတ်သော ရဲရင့်ဖြစ်နေသည်။ သူ့ဘက်က စိတ်မရှည်သလိုအကြည့်တစ်ချက်ကို လက်ခံလိုက်ရသောရဲရင့်ကလည်း မျက်ခုံးနှစ်ဖက်ကို ရုပ်ဆိုးစွာတွန့်ချိုးထားပြီး သူ၏အလိုမကျမှုကို ထုတ်ပြလာသည်။
"ငါလည်း စိတ်ရှည်မနေဘူးနော်။ လင်းရိပ်မာန်.. ငါ့စာရွက်ပြန်ပေး"
နာမည်အပြည့်အစုံခေါ်လာခြင်းမှာ သူအတွက် သတိပေးချက်တစ်ခုဖြစ်ကြောင်း လင်းရိပ်မာန်သိသည်။ ရဲရင့်ကိုစိတ်ဆိုးအောင်လုပ်မိမည်ကိုလည်း စိုးရိမ်သောလင်းရိပ်မာန်မှာ ဆွဲလုထားသောစာရွက်ကို မပေးချင်ပေးချင်နှင့် ကမ်းပေးလိုက်သည်။
ESTÁS LEYENDO
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။