Part-36

2.4K 192 13
                                    

Unicode Version

လင်းရိပ်မာန်ဟာ ဘား၏ထောင့်နားရှိစားပွဲမှာ တစ်ယောက်တည်းထိုင်ရင်း ဖုန်းထဲကဓာတ်ပုံများကို အပြန်ပြန်အလှန်လှန်ကြည့်ရှုနေခဲ့သည်။ သူ့မျက်နှာထက်ကအပြုံးကတော့ စစ်မှန်စွာနက်ရှိုင်းလွန်းလေရဲ့..။

ဤဓာတ်ပုံများမှာ ငါးပြတိုက်ထဲတွင်ရှိစဥ်က ဘေးလူထံမှအကူအညီတောင်းပြီး ရိုက်ယူခဲ့ရသောစုံတွဲဓာတ်ပုံပင်။ သူနှင့်ရဲရင့်က အတူရှိချိန်တိုင်း စနောက်ပျော်ပါးနေကြတာများသည်။ ယခုလို ဓာတ်ပုံရိုက်ကြဖို့လည်း အာရုံမရလေရာ သူတို့နှစ်ယောက်၏စုံတွဲဓာတ်ပုံမှာ အလွန့်အလွန်ရှားပါးလှသည်။

ဤဓာတ်ပုံမှာ ရဲရင့်က နှစ်လိုဖွယ်ကောင်းစွာပြုံးနေခဲ့ပြီး သူကလည်း ရဲရင့်ကို အဖြစ်သည်းစွာဖက်နေလေသောမြင်ကွင်းကို အမိအရရိုက်ထားခဲ့ခြင်းပင်။

ပြာလွင်လွင်သမုဒ္ဒရာကြီးကိုနောက်ခံထား၍ တစ်ဦးကိုတစ်ဦး တင်းကြပ်စွာပွေ့ဖက်ထားကြပြီး ကင်မရာဘက်ကိုကြည့်ကာပြုံးနေကြပုံမှာ ကမ္ဘာပေါ်မှာ သူတို့အတူတူရှိရခြင်းထက် ဘယ်အရာကမှပိုပျော်စရာမကောင်းတော့သည့်အလား...။

"အချိန်တွေရပ်ထားလို့ရရင်ကောင်းမယ်"

ကလေးဆန်ဆန်တွေးတောရင်း ဘားကောင်တာမှာရှိနေမည့်ရဲရင့်ကို လှမ်းကြည့်လိုက်သည်။ သူထင်ထားသလို ရဲရင့်က ဘားကောင်တာမှာရှိမနေသဖြင့် ဟိုဟိုသည်သည်အကြည့်ဝေ့လိုက်ရာ ဘယ်ဘက်ထောင့်နားရှိစားပွဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုမြင်လိုက်ရသည်။

ယိမ်းထိုးနေသောလူရိပ်နှစ်ခုနှင့်အတူ ရဲရင့်ပါ ထိုအရှုပ်အထွေးကြားထဲမှာရှိနေကြောင်းသတိပြုမိသည်နှင့် ထိုင်နေရာမှထကာ ထိုနေရာကိုအပြေးသွားလိုက်သည်။

"ခင်ဗျားပုံစံကြည့်ရတာ လူကြီးလူကောင်းတစ်ယောက်ပါပဲ။ ရှင်းစရာရှိတာကို အေးဆေး စကားနဲ့ပဲ.."

"ငါက ဘာကိုအေးဆေးရမှာလဲ။ သူက ငါ့ပါတနာကိုလုသွားတာလေ။ ဟေ့..ကောင်လေး ဒီနေရာကိုရောက်လာရင် အနည်းဆုံး အခြေခံစည်းမျဥ်းလေးလောက်တော့ နားလည်ဦးမှပေါ့.."

I Found My Prince Charming (Season-3) [Completed]Dove le storie prendono vita. Scoprilo ora