Symphony 1

8.3K 275 10
                                    

U & Z

At Blue light hotel

ရိပေါ်တို့ ဖန်ရှင်းအစ်မရဲ့ wedding dinnerပွဲမှာ
ရောက်နေကြသည်။ လူငယ်တွေပဲမို့ လူကြီးတွေကိုလည်း
ရှိန်နေစရာမလို။ ဖန်ရှင်းဆိုတဲ့ကောင်ကတော့ ဘယ်တွေကို
သွားနေသည်မသိ။ ရိပေါ်ကိုတစ်ယောက်ထဲ ထားခဲ့သည်။

တစ်ယောက်ထဲ ထိုင်နေတုန်း ရိပေါ်မျက်နှာရှေ့ စားပွဲဝိုင်းမှာ သတို့သမီး သတို့သားနဲ့ တစ်ဝိုင်းထဲအတူထိုင်နေတဲ့
ဘဲကြီးဆီ အကြည့်ရောက်မိသည်။

Wow.... လန်းလှချည်လား။ ချောချက်ကြီးကကွာ ။
မီးရောင်အောက်မှာ မြင်နေရသည့် ညိုညိုစိုစို အသားအရေ
ပိုင်ရှင်ဘဲကြီးက အလွန်ကိုကြည့်ကောင်းသည်။ တည်တင်းနေတဲ့နှုတ်ခမ်းပါးနဲ့ မျက်ဝန်း စိုစိုတွေရှိနေသည်။
ရိပေါ် တကယ်ကို ကြွေသွားပြီဖြစ်သည်။
မင်္ဂလာစုံတွဲ နဲ့ စကားပြောနေစဉ်ပြုံးယောင်သန်းနေတဲ့
မျက်နှာဟာ ထိုစုံတွဲထွက်သွားချိန် အနည်းငယ် ညိုမှိုင်းသွားသည်။ ဘာစိတ်ညစ်စရာတွေ ရှိနေလို့ပါလဲ။

ဘာပဲဖြစ်ဖြစ် ရိပေါ် အသက် နှစ်ဆယ်အတွင်းမှာ
ပထမဆုံး ရင်ခုန်မိခြင်းပင်။ ထိုသူက ဘယ်သူလည်း၊ ဘယ်ကလည်း ရိပေါ် အရမ်းသိချင်နေပြီဖြစ်သည်။

"ဆောရီး ရိပေါ် ဟိုဘက်မှာ ရှင်းအာတို့ရောက်နေလို့
ငါ ခဏဧည့်ခံနေတာ။"

"အင်း ငါမေးစရာရှိလို့။ ဟိုလူကိုသိလားဟင်။"

"အင်း ရှောင်ကျန့်။"

"သူ့နာမည်က ရှောင်ကျန့်လား။ မင်းသိရင် ငါ့ကို သူအကြောင်းပြောပြပါလား။"

"သူက ငါ့ယောက်ဖ ကျန်းချန်ကောရဲ့ သူငယ်ချင်း။ ငယ်သူငယ်ချင်းတွေတဲ့။ပြီး‌တော့Globle groupရဲ့ CEO တဲ့။ "

"ဟမ် Globleကလား"

"ပြီးတော့ သူက gayလို့ come out လုပ်ထားတာ။
ငါ့အစ်မပြောသံကြားတာတော့ သူကောင်လေးက သူ့ကိုထားခဲ့တာတဲ့။ အခုအသဲကွဲနေတာထင်တယ်။"

"အော်..အဲ့တာ‌ကြောင့် မျက်နှာသိပ့်မကောင်းတာပေါ့။
သူက gay ပေါ့။ ငါသူ့ကို သဘောကျလို့ ။"

"ဟမ်...! ဘာ... မင်းရူးနေလား။ ဟိုက အသက်က သုံးဆယ့်ငါးလောက်ရှိနေပြီ။"

I Just Wanna Be Part Of Your Symphony.Where stories live. Discover now