U & Z
ရှောင်ကျန့် ရင်ခွင်ထဲက အနွေးဓာတ်လေးကို ပိုပိုသာသာ ဆွဲဖက်ထားရင်း ထွေးပွေ့နေမိသည်။ ဖိမှိတ်ထားတဲ့ မျက်လုံးပေါ်က မျက်တောင်ရှည်လေးတွေ၊
နှာတံဆင်းဆင်းနဲ့ နှုတ်ခမ်းရဲရဲလေး။နှုတ်ခမ်းဖူးဖူးလေးမှာ ညက ရှောင်ကျန့်ရဲ့ ကြမ်းရမ်းထားမူကြောင့် အနည်းငယ်
ပေါက်ပြဲကာ သွေးစို့ချင်နေသည်။ ဒီလိုမြင်ရတော့လည်း
ရှောင်ကျန့်တကယ် စိတ်မကောင်းဖြစ်မိသည်။ကိုယ့်ကို ယုံကြည်စွာနဲ့ သူ့အားလပ်ရက်တိုင်းကို ကိုယ့်ရင်ခွင်ထဲကနေ အမြဲနိုးထဖို့ ဘေဘီက ကြိုးစားပေးသည်။ ဒါကြောင့် ရှောင်ကျန့်ကလည်း ဒိလိုရက်တွေအတွက် အတက်နိုင်ဆုံး အလုပ်ပြီးစီးနေဖို့ကြိုတင်ပြင်ဆင်
ထားမိသည်။ ကိုယ့်ကို ချစ်တယ် ချစ်တယ် တဖွဖွ ပြောတက်တဲ့ ကလေးက ကျွန်တော်ကိုချစ်လား ဆိုတဲ့မေးခွန်းမျိုးကိုတော့ ဘယ်တော့မှ မမေးခဲ့ပါ။ရိပေါ်မိမိခါးမှ တင်းကြပ်နေမူကြောင့် နေရခက်သလိုခံစားနေရသည်။ နိုးတစ်ချက် မနိုးတစ်ချက်
အခြေအနေနဲ့ မျက်လုံးကို ကြိုးစားဖွင့်မိတော့ ရိပေါ်တစ်ကိုယ်လုံးက ရင်ခွင်ကျယ်ထဲ နစ်မြုပ်နေသည်။
တင်းကြပ်နေသော လက်တစ်စုံကိုတွန်းဖယ်ကြည့်တော့
ပို၍ ပို၍ တိုးဖတ်လာသော လက်ရှည်ရှည် သွယ်သွယ်တွေကြား ရိပေါ် တကယ်ပင် အသက်ရူကြပ်လာသည်။"ဦး.......အသက်ရူကြပ်နေပြီ။"
"အင်း...။ ပြွတ်စ် ပြွတ်စ်...။"
အင်း...ဟုဆိုလာသူက ရိပေါ် ခါးပေါ်ကလက်ကို ဖယ်လာသော်လည်း လက်အစုံက ကျောကနေဆွဲပွေ့ကာ
မထိတထိနမ်းလာပြန်သည်။"အင့်....ဦး နှုတ်ခမ်းတွေကနာနေပြီ။"
"အင်း ကိုယ်သိတယ်။ ပြွတ်စ်....
"အင့်....ဦး!"
"ဗျာ...။"
"ဖယ်ပေးတော့ဗျာ။"
"ဟင့်အင်းကွာ... ကိုယ်ဘေဘီကို အကြာကြီးဖက်ထား ချင်သေးတာ။ "
ပြောရင်းနဲ့ပင်ထပ်မံ၍ ထိုးဖက်လာပြန်သည်။ ပြောမရတဲ့အဆုံး ရိပေါ်ပါ ပြန်လည် ဖက်တွယ်ပေးလိုက်သည်။ တကယ်ဆို ရိပေါ်တို့နှစ်ယောက်လုံးက naked ဖြစ်နေကြသည်။
ဒါပေမယ့် ရှက်ရွံခြင်းတွေတော့ သိပ့်မဖြစ်မိတော့ပါ။
