U & Z
ပြွတ်စ်.....
"ဟင်း....ဦး တော်ပြီ။"
ကုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ ရိပေါ်ကိုယ်ပေါ်
အုပ်မိုးလို့ မမောနိုင် မပန်းနိုင် အနမ်းပေးနေတဲ့ ဦးဟာ တကယ်ကို သက်လုံ ကောင်းပါသည်။ရှောင်ကျန့်မျက်နှာကို လက်ဖောင်းဖောင်းလေးတွေနဲ့
တွန်းဖယ်လာသောဘေဘီက မောသွားပုံရသည်။"ဘာလို့လဲကွာ....ကိုယ် ဘေဘီ့ကို နမ်းလို့ မဝသေးဘူး။"
"ဟင့်....ဦးနော်... လုပ်လိုက်ရင်အရမ်းကြီးပဲ"
"ကဲ ဟုတ်ပါပြီ။ အဖြူလုံးလေးရယ်။"
"ဘယ်လို..."
"ဟမ်! ဘာကို။"
"ဦး ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ။"
"အာ...."
ရှောင်ကျန့် ဘေဘီကိုအမြဲစိတ်ထဲက ခေါ်နေခဲ့တဲ့
နာမ်စားလေးကို အပြင်မှာပါ ခေါ်ထုတ်မိသွားသည်။
ကိုယ့်အတွက်က ရင်းနှီးနေတဲ့ နာမ်စားလေးပေမယ့်
အခုမ ကြားဖူးသူကတော့ အံ့ဩသွားပုံ။"အဖြူလုံးလေးလေ...။ မဟုတ်ဘူးလား ဘေဘီက...။"
"မဟုတ်ပါဘူး....။"
"ဆံပင်ကလွဲရင် ဘေဘီတစ်ကိုယ်လုံးက ဖြူနေတာပဲလေ။
ဘေဘီမသိပေမယ့် ဘေဘီတစ်ကိုယ်လုံးကို တစိမ့်စိမ့်
ကြည့်ထားတဲ့ ကိုယ်ကတော့ သိတယ်။"မျက်ခုံးတစ်ဖက်ပင့်ပြကာ ပြောလာသူက ရိပေါ်ကို
လှောင်နေသလိုပင်။"ဦး....! ဒီအသက်အရွယ်ကြီးနဲ့ တကယ်ကို မရှက်ဘူးလား။"
"ကိုယ်က ဘာလို့ရှက်ရမှာလဲ ။ ကိုယ့်ကောင်လေးကို
ဖြူလို့ ဖြူတယ်ပြောတာပဲ မရှက်ပါဘူး။ ကိုယ့်အဖြူလုံးလေး
ကိုယ်ပေါ်မှာ အနီရောင်အကွက်လေးတွေရှိနေရင် ပိုတောင်
လှသေးတယ်။""တော်ပြီ ...ဖယ်တော့။"
စိတ်ဆိုးချင်ယောင်ဆောင်သွားသူက ကုတင်ပေါ်မှ
ဆင်းလို့ အခန်းအပြင်ထွက်သွားသည်။အဖြူလုံးလေးက အဖြူလုံးလေးလို့ ခေါ်ခံရလို့
မကြိုက်ပါဘူးတဲ့ ။ ရှောင်ကျန့် သဘောတကျကို
ရယ်မိသည်။