Symphony 41

1K 48 9
                                    

U & Z

"ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ Mr. Xiao"

ခပ်ပြုံးပြုံးနဲ့ပြောလာသော captain စကားကို
ရွာလူကြီးကလည်း ပြုံးရိပ်သမ်း၍ ခေါင်းငြိမ့်ပြလာသည်။ သူတို့စိတ်မပူနဲ့ဆိုတိုင်း ရှောင်ကျန့်က
စိတ်အေးနိုင်ပါ့မလား။ ကိုယ့်မှာ အရိပ်တကြည့်ကြည့်နဲ့ ယုယပြီး ထားနေရသူမို့ မပူဘဲမနေနိုင်ပါ။ ဘေဘီဆိုတဲ့ အဖြူလုံးကတော့ ရောက်ရာအရပ်တွင် အဆင်ပြေနေတက်သည်မှာ ကိုယ့်ကိုမေ့နေသည်အထိပင်။တွေ့ရာလူ၏ ချစ်ခင်မူကို လွယ်လွယ်ရလေ့ရှိသည်ကလည်း ထိုကလေး၏ ပါရမီထူးပင် ဖြစ်မည်။ ရှောင်ကျန့်တို့သုံးယောက်
ရွာရဲ့ လိုအပ်ချက်တွေကိုစဆွေးနွေးခဲ့ချိန်ကတည်းက ထွက်သွားကြတာ အချိန်အတော်လေးကြာနေပြီဖြစ်သည်။ ရွာသားတွေရဲ့ ရိုးရာပစ္စည်းတွေက လက်ရာမြောက်ကြောင်း
Captain ပြောလာကတည်းက ရှောင်ကျန့်စိတ်ဝင်စားသဖြင့် ကျွန်းမှာအပန်းဖြေလာသူတွေကို လက်ဆောင်အနေနဲ့ရောင်းချနိုင်ရန်
ရွာသူကြီးနဲ့ဆွေးနွေးနေခြင်းဖြစ်သည်။ အဲလက်စ်က ရှောင်ကျန့်ပြောရင် ရနိုင်တာသေချာသည်မလို့ ရွာသားတွေဘက်ကလက်ခံပေးလျှင်
ရပြီဖြစ်သည်။ ဒါကလည်း ရှောင်ကျန့်အနေနဲ့
စီးပွားရေးဆိုတာထက် ရွာသားတွေဘဝ တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်
ထင်သောကြောင့် ကူညီချင်နေမိခြင်းလည်းဖြစ်သည်။

ရွာသားတွေရဲ့ ရိုးရာပစ္စည်းတွေကို ကျွန်းမှာအမှတ်တရပစ္စည်းအနေနဲ့ရောင်းချဖို့ အကူအညီတောင်းပြီး အကြံဉာဏ်ပေးခဲ့သူ Captain ကတော့ ပြုံးရွှင်၍ ပိတိဖြစ်နေသည်မှာ ချီးကျူးစရာပင်။

"ဒါဆို ကိုယ်တို့လိုက်သွားကြမလား။"

"သွားကြတာပေါ့ Mr.Zhan"

"အစ်မ သူတို့ကို postပြောင်းခိုင်းပေးဦးလေ...
လက်နှစ်ချောင်းပဲထောင်နေတာပဲ။"

"အေး‌ဟယ် ဟုတ်ပါရဲ့။"

ရိုက်လိုက်တာနဲ့ ပုံတမ်းထွက်လာတဲ့ ရိပေါ်ရဲ့
cameraကို ရွာသူအပျိုတချို့နဲ့ အမျိုးသမီးကြီးတွေက သဘောကျနေကြသည်။ ရိပေါ် ပထမဆုံးနေပြလိုက်တဲ့ အနေအထားအတိုင်း အနည်းငယ်မျှ မပြောင်းလဲဘဲ ကိုယ်ကိုမတ်မတ်ရပ်လို့ လက်နှစ်ချောင်းထောင်နေကြသည်မှာ လူတိုင်းပင်ဖြစ်သည်။ မြို့နဲ့အလှမ်းဝေးလွန်းတာရယ် ရိုးသားလွန်းတာရယ်ကြောင့်လဲဖြစ်ပေလိမ့်မည်။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now