U & Z
"နွားလေး လင်ဆီပြန်ရောက်တော့ ဖအေတွေကို
မေ့နေပြီလား။"ကျိုးလင်စကားကြောင့် ရိပေါ်မှာ အောင့်သက်သက်နဲ့
ငြိမ်နေရသည်။ ကိုယ်ကလည်း ကိုယ်ပဲ မဟုတ်လား..။
ဦးနဲ့ အတူနေရတဲ့ သုံးရက်လုံးကို ဦးရဲ့ အိမ်တော်ကိုတောင်
မပြန်ဖြစ််ကြ ဟိုတယ်မှာပဲ နေခဲ့ကြသည်။ သုံးရက်ပြည့်တော့
ပါးရဲ့ စကားအတိုင်း အိမ်ကိုပြန်နေခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်
ခွင့်ပြုပေးခဲ့တာနဲ့တင် ရိပေါ် ပါးကို ကျေးဇူးတင်နေပါပြီ။
ပါးပြောသလိုပဲ ရိပေါ် ကျောင်းပြီးမှ ဦးနဲ့ လက်ထပ်ဖို့
ကတိပေးခဲ့သည်။ ဦးကလည်း အပြည့်အဝ လက်ခံပေးတာဖြစ်လို့ ဒီနှစ် ကျောင်းပြန်ဖွင့်ရင်
ရိပေါ်တို့က နောက်ဆုံးနှစ် တက်ရတော့မှာ ဆိုတော့
စာကြိုးစားဖို့ပဲ တွေးထားသည်။"မဟုတ်ပါဘူးကွာ... မင်းတို့ကလည်း ...
ကိုယ်ချင်းစာစိတ်လေးတော့ ထားပေးကြပါဦး....""အော် အော်...ဝမ်ရိပေါ်..ဝမ်ရိပေါ် နောက်နှစ်
လင် ယူရတော့မှာဆိုတော့ စကားတွေတောင် တက်နေပြီပဲ။""ဖန်ရှင်း...မင်း...တော်လိုက်တော့။ အဲ့လိုဖြစ်အောင်
ဘယ်သူ ကူညီပေးခဲ့တာလဲ ပြော။"ရိပေါ် စကားကြောင့် အကုန်လုံးရဲ့ မျက်လုံးတွေက
ဖန်ရှင်း အပေါ် ရောက်လာကြသည်။"ဟို...ငါက...အစ်ကိုရှောင်ကျန့်က ဘယ်သူ့မှ
မပြောနဲ့ဆိုလို့...။""ကျန်းဖန်ရှင်း မင်း...ငါတို့ကိုတောင် လျှိုထားနိုင်တယ်ပေါ့လေ။"
"ငါ တောင်းပန်ပါတယ်ကွာ ။ ဘာပဲဖြစ်ဖြစ်
ရိပေါ် အဆင်ပြေသွားပြီပဲကွာ။""ဦးက မင်းတို့ကို မှာလိုက်တယ်။"
ရိပေါ်စကားကြောင့် အကုန်လုံးက စိတ်ဝင်တစား
နားထောင်နေကြသည်။"ဒီနေ့ မင်းတို့ အကုန်လုံး စိတ်ကြိုက်တဲ့.. ကြိုက်တဲ့နေရာရွေးတဲ့။"
"ဟေ...တကယ်လား။"
"ဟားးး"
ဟောက်ရွှမ်းအသံကြောင့် အကုန်လုံး ဝိုင်းရယ်မိကြသည်။
ဦးက ရိပေါ်သူငယ်ချင်းတွေကို ပြုစုပေးရမယ်လို့
ပြောလာကတည်းက ရိပေါ်ကိုယ်တိုင်ပင် သဘောကျနေခဲ့သည်။ ကျောင်းပိတ်ရက်တွေ
ဖြစ်နေသဖြင့် ရိပေါ်တို့ မဆုံဖြစ်ခဲ့ကြ ။ ရိပေါ် အိမ်ထဲမှာ
နေ နေရတော့လည်း သူတို့ပါ စိတ်ပူနေခဲ့ကြသည်။