U & Z
"ရိပေါ် မင်းတို့ငါးယောက်ကို ကျောင်းဆင်းရင်
အတန်းပိုင် ဆရာမက ရုံးခန်းထဲလာခဲဦးတဲ့။""ဟမ်..ဘာလုပ်ဖို့လဲ။"
"ငါလည်း မသိဘူးလေ။
ဆရာမ ပြောခိုင်းလို့ ပြောပေးတာကို""အေး...အေး။"
အတန်းခေါင်းဆောင် စကားကြောင့် ရိပေါ်တို့
ငါးယောက်တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ ငိုချင်သွားသည်။"ငါတို့ အခုရက်ပိုင်း ဘာအမှားမှ လုပ်မထားဘူးမလား။"
"အေးလေ။"
ဖန်ရှင်းစကားကို အကုန်လုံးက ခေါင်းငြိမ့်လို့
ထောက်ခံကြသည်။"တစ်ခုခု ပြောစရာရှိလို့နေမှာပါ ။ "
ကျိုးလင်စကားကြောင့် အကုန်လုံး ကိုယ့်ခုံမှာကိုယ်
ပြန်ထိုင်ကြရင်း ငြိမ်နေမိသည်။.
.
.
."ကိုကို...။"
"အစ်ကို !...အစ်ကို! ဝင်လို့မရ...။"
Bossက လက်နဲ့ ထားလိုက်တော့ဟူသည့်
အမူအယာမျိုး ပြလာသဖြင့် ယင်းရွှယ် boss
ရုံးခန်းထဲကနေ ပြန်ထွက်ခဲ့လိုက်သည်။
ဒီ ဖန်းမင်ဆိုတဲ့ တစ်ယောက်က တော်တော်
လက်ရဲဇက်ရဲနိုင်သည်။ဖန်းမင်အခန်းထဲ ဝင်လာတော့ ကိုကိုက မနှစ်သက်တဲ့
အကြည့်တွေနဲ့ ကြည့်လာသည်။ ကိုကိုဆီက အမုန်းတွေ
ပြန်ရမယ်ဆိုတာ ဖန်းမင်သိနေပြီးသားဖြစ်သည်။
ဒါပေမယ့် တကယ်တမ်း ပြန်တွေ့ကြတဲ့အခါ
အမုန်းဆိုတာထက် မသက်ဆိုင်တော့ဘူးဟူသည့်
အငွေ့အသက်ကသာ ဖန်းမင် စိတ်အာရုံကို
ရိုက်ခက်သည်။USမှာ ကျောင်းပြီးကတည်းက ဖန်းမင် OKမှာ အလုပ်ဝင်နိုင်ဖို့ ကြိုးစားခဲ့သည်။ Feng group
ရဲ့ ကံကြမ္မာက ဖန်းမင် အပေါ်သက်ရောက်နေတယ်
လို့ ပါးဆီက သိရတဲ့နောက် ဖန်းမင်း တစ်ယောက်ထဲ
ရင်ကွဲခဲ့ရတယ်။ OKဘက်က Globleနဲ့ အလုပ်တွဲ
လုပ်မယ်လို့ သိရတုန်းက ဖန်းမင် သိပ့်ကို ပျော်ရွှင်ခဲ့မိသည်။
ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူနိုင်ဖို့ နည်းမျိုးစုံနဲ့
ကြိုးစားခဲ့ရသည်။