U & Z
ရှောင်ကျန့် မိမိအားချွဲနေသော ဘေဘီကို မချီရက်သားနဲ့
ကားထဲ ထည့်လို့ lover seatမှာ ထိုင်ခိုင်းရသည်။
အဲ့လိုပဲ ကိုယ့်ကိုချွဲနေရင် ကိုယ် အိမ်ကိုခေါ်သွားလိုက်မှာနော်။"ဟင်...တကယ်လား ဦး။"
"ဘေဘီက အိမ်ကိုလိုက်ချင်လို့လား။"
ရှောင်ကျန့်အမေးကို သွက်လက်စွာ ခေါင်းငြိမ့်ပြလာသူက
အိမ်ကို လိုက်ချင်နေမှန်းသိသာစေသည်။"အင်း....ဦးကို အရမ်းလွမ်းနေတာ။"
ငိုမဲ့မဲ့ပြောလာသူကြောင့် ရှောင်ကျန့်မှာ စိတ်မကောင်းဖြစ်ရသည်။
"လွမ်းနေတာပဲ ဘေဘီရယ် ကိုယ့်ကို ဖုန်းဆက်ပြီး
လာခေါ်ခိုင်းလို့ရတယ်မဟုတ်လား။""ဟို...ဒါပေမယ့် ဦးအလုပ်ရှုပ်နေတဲ့ အချိန် ကျွန်တော်
ဖုန်းခေါ်မိရင် ဦးက ကျွန်တော့်ကို စိတ်ဆိုးမှာပေါ့။"နှာခေါင်းလေးရှုံ့လို့ နှုတ်ခမ်းဆူပြီး ပြောလာသူက
တကယ်ကို စိတ်မကောင်းဖြစ်နေဟန်။"ကိုယ်အလုပ်အရမ်းရှုပ်လို့ မကိုင်မိတာပဲရှိချင်ရှိမှာပါ
ဘေဘီ။ ကိုယ် မင်းဖုန်းဆက်လို့ ဘယ်တော့မှ စိတ်ဆိုးမှာ
မဟုတ်ဘူး ဘေဘီ။ မှတ်ထားပေးနော်။"ကားမောင်းနေရင်း ရိပေါ်ကို စောင်းငဲ့ကြည့်ကာ
ရိပေါ်လက်ကို ဆုပ်ကိုင်လို့ ပြောလာတဲ့ ဦးက
နူးနူးညံညံ။"ပြီးရင် ကိုယ့်အိမ်ကို ဘေဘီ စိတ်ကြိုက်ဝင်ထွက်
နိုင်တယ်။ ဦးရှန့်၊ အန်တီရင်း နဲ့ မင်ဟွေ့ကလည်း
အိမ်မှာ အမြဲရှိနေကြတာဆိုတော့ ဘေဘီ ပျင်းနေစရာ
လည်းမလိုဘူး။ ဘေဘီ အားတဲ့အချိန်တိုင်း ကိုယ့်ကို
လာခေါ်ခိုင်းရနိုး၊ မခိုင်းရနိုး တွေဝေနေစရာမလိုဘူး။
အိမ်မှာ သွားနေပြီး ကိုယ့်ကို စောင့်လို့ရတယ်။
ဟုတ်ပြီလား ကလေးလေး။""ဟီးးးး...ဟုတ်...။
ဦကို အများကြီးချစ်တယ်။""အဟားးး။"
ရှောင်ကျန့်ကို ရယ်ပြလျက် ကလေးငယ်တွေလို
လက်နှစ်ဖက်ရှေ့ထုတ်ကာ အများကြီးချစ်တယ်ဟု
ဆိုလာသူကြောင့် ရှောင်ကျန့် သဘောတကျ
ရယ်မိသည်။