U & Z
"ကဲ...စားလို့ရပါပြီရှင်။"
"ရေးးးး"
အန်တီရင်းရဲ့ စကားအဆုံး အတက်ကြွဆုံးလူသား
နှစ်ယောက်ကတော့ ရိပေါ်နဲ့ မင်ယွဲ့ပင်ဖြစ်သည်။"ဦးကလည်း ရေချိုးတာကြာလိုက်တာ။"
"လာပါပြီဗျာ။"
သူ့အနောက်ရောက်နေတဲ့ ရှောင်ကျန့်ကိုမမြင်ပဲ
အစားအသောက်ဆီအာရုံရောက်နေသော
ဘေဘီက တီးတိုးရွတ်ဆိုသည်။"အကြာကြီးပဲ ဦးက ။ ကျွန်တော်တို့က ဦးကိုစောင့်နေရတာ။"
"ကဲ ဟုတ်ပါပြီ။ စားကြတော့လေ...။"
စားဖို့သောက်ဖို့ အစီအစဉ်ဆွဲသူများက ရိပေါ်နဲ့
မင်ယွဲ့ဖြစ်သလို တကယ်တမ်းစားကြတော့လည်း
ရိပေါ်တို့ နှစ်ယောက်သာဖြစ်သည်။"ကျန်းဝေ... အန်တီရင်းနဲ့ ဦးရှန့်ဘက်ကို ကြက်ချိုချဉ်နဲ့
ဝက်ကုန်းဘောင်ချပေးလိုက်ဦး။""ဟုတ်ကဲ့ သခင်လေး"
လူငယ်တွေလို မစားတက်မှန်းသိလို့ သခင်လေးက
ပါးနဲ့ အန်တီရင်းကို ဂရုတစိုက်ကြည့်ပြီး ကျန်းဝေဆီ
ပန်းကန်တွေ လက်ဆင့်ကမ်းပေးလာသည်။"ရိပေါ် ရော့ ဒါလေးစားကြည့်"
ရှောင်ကျန့်အရိုးသင်ပေးနေသော ငါးကင်ကိုစားရင်း မင်ယွဲ့ ခွံ့ကျွေးလာသော ဝက်သားလုံးချဉ်စပ်ကိုလည်း ဘေဘီက
အလွတ်မပေးပါ။"ဦးလည်း စားလေ။"
"အင်း...။"
မာလာရှမ်းကောကနေစလိုက်သည်က တကယ်တမ်း စားချိန်ရောက်တော့ စားပွဲပေါ်တွင် အမျိုးအစား
စုံလင်စွာ။"ဦး..ရော့ ဒါလေးစားကြည့်ကောင်းတယ်။"
ရှောင်ကျန့် ပါးစပ်နားရောက်လာသည့်
အကင်တစ်ခုကို ပါးစပ်ဟပေးလို့
ယူရသည်။ပြုံးပျော်နေသော ဘေဘီက ပျော်ရွှင်တက်ကြွစွာ။
"ဘေဘီ စားတာတွေ များနေပြီ။"
နား နားကပ်ခါ ပြောတော့ နှုတ်ခမ်းဖူးဖူးက
ဆူလာသည်။ ဒါပေမယ့် မပြောလို့ မဖြစ်
အစားများလွန်းလို့ နေရခက်လျှင် ကလေးငယ်သာ
ခံစားရမည်မဟုတ်လား။