U & Z
"ဟင်း..."
ကျွတ်...ကျွတ်...
ရင်ခွင်ထဲက လှုပ်ရှားမှုလေးကြောင့် ရှောင်ကျန့်
နိုးလာသည်။ ကုတင်ဘေးခုံပေါ်က နာရီလေးကို
ကြည့်မိတော့ နာရီလက်တံလေးတွေက ည နှစ်နာရီကို ညွှန်ပြနေသည်။ ဘေဘီနှင့် နှစ်ယောက်သား စိတ်တူကိုယ်တူ ခရီးဆက်ကြပြီးချိန်
မောပန်းလွန်းလို့ အနားယူကြရင်း အိပ်ပျော်သွားခဲ့ကြပုံပေါ်သည်။ သန့်ရှင်းရေးလုပ်ပေးဖို့ပင် မတက်နိုင်တော့သည်အထိ ရှောင်ကျန့်ပါ အိပ်ပျော်သွားခဲ့သည်။ထို့ကြောင့်ရင်ခွင်ထဲက အဖြူလုံးလေးက
အချိန်ကြာလာသည်နှင့်အမျှ နာကျင်လာပုံပေါ်သည်။ ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို ခေါင်းအုံးပေါ် သေချာနေရာချပေးတော့ ဘေဘီက လူးလွန့်လာသည်။"ကျွတ်..ကျွတ်...အိပ်...အိပ်..ကလေးလေး..."
ရင်ဘက်လေးပေါ် လက်ဖဝါးနဲ့ အသာပုတ်ပေးတော့ ဘေဘီက ပြန်လည် အိပ်ပျော်သွားသည်။
ရှောင်ကျန့်ကတော့ သန့်ရှင်းရေးလုပ်ပေးဖို့ရာ
ရေချိုးခန်းထဲ ပြေးရပြန်သည်။ မဟုတ်လျှင် မနက်နိုးလာချိန် ဘေဘီ အရမ်းကို ခံရခက်နေပေမည်။ bathrodeတစ်ထည်ကို ကောက်ဝတ်ရင်း
ဘေဘီအတွက် ပြင်ဆင်ရသည်။ရေနွေးနွေးနဲ့ စိမ်ထားသော ရေသဘက်နဲ့ ကလေးငယ်ရဲ့ အောက်ပိုင်းတစ်လျောက်ကို သန့်စင်ပေးတော့ ဘေဘီက နိုးလာခဲ့သည်။
"ဦး..."
"အင်း...ဘေဘီ...နိုးနေရင် ကိုယ်တစ်ခါတည်း ဆေးထည့်ပေးမယ်နော်။ ဒါမှ မနက်ကျရင်
ဘေဘီ နေလို့သက်သာမှာ""ဟုတ်"
မျက်လုံးတွေကို လက်နဲ့ ပွတ်သက်နေသူကြောင့်
ရှောင်ကျန့် ဘေဘီ့လက်ဖောင်းဖောင်းလေးကို
ဆွဲယူတော့ မျက်လုံးလေးပြူး၍ ကြည့်လာသည်။ဘယ်လိုလေးလဲ ဘေဘီရာ...။
"မျက်လုံးတွေကို မပွတ်ရဘူး ဘေဘီ။
ပါးစပ်ဟ...ဒီဆေးလေးသောက်လိုက်...။"ရှောင်ကျန့်လက်ထဲက ဆေးကိုယူပြီးပါးစပ်ထဲ
ထည့်သည့်ဘေဘီက လိမ္မာစွာ.. ရှောင်ကျန့်
ခုံပေါ်တင်ထားသော ရေခွက်ကို ဘေဘီပါးစပ်နား တိုးကပ်ပေးရင်း အလိုက်သင့် သောက်စေမိသည်။