Symphony 5 🔞

3.1K 172 10
                                    

U & Z

ဦးက ရိပေါ်ကျောင်းကနေ မြို့စွန်ဘက်ထိ ကားမောင်းပြီးနောက် ခြံကျယ်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ အုတ်တံတိုင်းမြင့်မြင့်ကြီးများ ကာရံထားပြီး အပြင်က ကြည့်လျှင် ခြံဝင်းထဲသို့မမြင်ရပေ။
ဦးကားဝင်လာသည်နှင့် ခြံတံခါးက အလိုအလျောက်ပွင့်သွားသည်။ ခြံတံခါးကနေ ဝင်လိုက်လျှင်
လမ်းရှည် တစ်ခုသာရှိပြီး ထိုလမ်းအတိုင်းသာ ဦးက ဆက်မောင်းလာသည်။ အပင်တွေသာရှိနေပြီး
လူနေအိမ် အဆောက်အဦးရယ်လို့ မတွေ့ရသေးပါ။

မျက်လုံးအဝိုင်းသားနဲ့ ခြံထဲကို စပ်စုနေသော ဘေဘီကိုကြည့်၍ ရှောင့်ကျန့်ပြုံးမိသည်။
တအံ့တဩကြည့်နေပုံမှာ သူမဟုတ်သည့်အတိုင်း။

"ဦး လူနေတဲ့အိမ်ရော ရှိရဲ့လား သစ်ပင်တွေကြီးပဲ။
သစ်ပင်ပေါ်မှာနေတာတော့ မဟုတ်ဘူးမလား..ဟင်...။"

"ဟမ်! ဘယ်လိုတောင်မေးနေတာလဲဘေဘီရယ်
ရောက်တော့မှာပါ အပင်တွေအုပ်ဆိုင်း‌နေလို့ မမြင်ရတာပါကွာ။"

‌ရိပေါ်တွေ့ပါပြီ ဘိုဆန်ဆန်ဆောက်ထားသော
ခဲရောင်နှစ်ထပ်တိုက်ကြီး ။ အိမ်ရှေ့ရောက်မှ ဦးက ဟွန်းသံပေးလျှင် အစ်ကိုကြီးတစ်ယောက် အပြေးအလွှားထွက်လာသည်။

ပွမ်..ပွမ်..

"သခင်လေး ရောက်လာပါပြီလား။ "

"အင်း ကျန်းဝေ ကားသိမ်းလိုက်တော့။"

"ဟုတ်ကဲ့ သခင်လေး။"

"လာလေ ဘေဘီ..။"

ရိပေါ်လက်ကိုဆွဲ၍ ခေါ်လာသောဦးကြောင့်
ဦးခေါ်ရာ အိမ်ထဲသို့ ရိပေါ် လိုက်ဝင်ခဲ့သည်။

"သခင်လေး လာပြီလား။"

"အင်း ဦးရှန့်။"

"ဘေဘီ ဒါက အိမ်တော်ထိန်းကြီး ဦးရှန့်ဝေတဲ့။ ခုနက အိမ်ရှေ့မှာ တွေ့ခဲ့တဲ့ ကျန်းဝေရဲ့အဖေ ။"

"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ဗျ..။ ဝမ်ရိပေါ်ပါဗျ"

"ဟုတ်ကဲ့ပါ အစ်ကိုလေး။"

"ညစာ ပြင်ထားပေးဦး ဦးရှန့် ။"

"လာ ဘေဘီ အပေါ်ကို သွားရအောင်။"

I Just Wanna Be Part Of Your Symphony.Where stories live. Discover now