U & Z
"ရိပေါ် ငါ အတန်းပြီးရင် ဝယ်စရာရှိလို့
ဈေးဝယ်ထွက်မလို့ လိုက်ဦးမလား။""မလိုက်တော့ဘူး ငါ ပင်ပန်းနေလို့ ။ နားတော့မယ်။
ငါ့ကို ဖက်ထုပ်ပြုတ်ချို ဝယ်ခဲ့ပေးဦး။""အေး ပြီးတာပဲ။"
ရိပေါ် အတန်းပြီးတော့ တစ်ယောက်ထဲသာ
အဆောင်ကို ပြန်ခဲ့သည်။ ဒီနေ့က တစ်နေကုန်အတန်းတက်
ရသဖြင့် ရိပေါ်တကယ်ကို ပင်ပန်းနေပြီ။ ရေချိုးပြီး
အိပ်ရာထဲသာ ဝင်လှဲနေချင်တော့သည်။
.
.
.
"ကိုယ်တို့ ဒီလထဲ projectစဖြစ်အောင် စီစဉ်ထားတယ်။
OKဘက်က တခြားလိုအပ်နေတာမျိုးတွေရှိနေသေးရင်
ဒီရက်ပိုင်းလောက် အပြီးဖြတ်ပေးစေချင်တယ်။""ဟုတ် ကိုကို နှစ်ရက်အတွင်း ကျွန်တော် သေချာအောင်
လုပ်လိုက်ပါ့မယ်။ နောက်ပိုင်း ထပ်မပြင်တော့ပါဘူး။""တခြားလိုအပ်တာတွေရှိရင် ကိုယ့်အတွင်းရေမှူး
ယင်းရွှယ်ကို ဆက်သွယ်လို့ရတယ်။"Bossစကားကြောင့် ယင်းရွှယ် မျက်ခုံးလှုပ်ချင်လာသည်။
ဒီဖန်းမင်ဆိုတဲ့ လူနဲ့ အလုပ်လုပ်ရမှာ ယင်းရွှယ် တကယ်ကို
ရင်လေးပါသည်။"ကိုကို ကျွန်တော်တို့ အပြန် ညစာ အတူစားရအောင်။"
"ကိုယ် မအားဘူး ဖန်းမင် ။ ဒီကပြန်ရင် ဝင်စရာ ရှိသေးတယ်။"
"လုပ်ပါ ကိုကိုရယ် စောနေသေးတာပဲ။ ကျွန်တော် ဗိုက်ဆာနေလို့ပါ။ ယင်းရွှယ်လည်းလိုက်ခဲ့လေနော်။"
"ဒါဆို ယင်းရွှယ် လမ်းသင့်တဲ့ ဆိုင်တစ်ဆိုင် ရွေးလိုက်။"
"ဟုတ်ကဲ့ boss။"
ကိုကို့ စကားကြောင့် ဖန်းမင် နာနာကျင်ကျင်
ပြုံးမိပါသည်။ လမ်းသင့်တဲ့ ဆိုင်တဲ့လား။ ကျွန်တော်က
ကိုကိုအတွက် တကယ်ကို ဘာမှ မဟုတ်ဘူးပဲ။ယင်းရွယ် အပြန်လမ်းပေါ်က ဆိုင်တစ်ဆိုင်ကိုပဲ
ဝင်လိုက်သည်။ ဒီနေ့က ကျန်းဝေ မအားတော့
ယင်းရွှယ် driverပါ လုပ်နေရသည်။"ကိုကို ဘာမှာမလဲ။ "
"ရတယ် ကိုယ့်ကို သံပုရာရည် တစ်ခွက်ပဲမှာပေး။"