U & Z
"ဦး...ဦး...ထဦး။"
ရှောင့်ကျန့် ရင်ခွင်ထဲကနေ လက်မောင်းကို အတင်းလှုပ်နိုးနေသော ဘေဘီကြောင့် မျက်လုံးကို
အားယူလို့ ဖွင့်ကြည့်ရသည်။"ဟင်...ဘာလို့လဲ ဘေဘီ။"
ဘာလို့လဲ ဘေဘီဟု ဆိုကာ မျက်လုံးဖွင့်လာသူက
ချက်ချင်းပင် ရိပေါ်ကို ရင်ခွင်ထဲ ဆွဲဖက်ရင်း
မျက်လုံးတွေကို ပြန်မှိတ်လို့ အိပ်ဖို့ပြင်သည်။"ဦးလို့ ...ထပါဦးဆို။"
"ဘာလို့လဲ ဘေဘီရာ။ ကိုယ် အိပ်ချင်သေးတယ်။"
ရှောင်ကျန့် တကယ်ကို အိပ်ချင်နေသေးသည်။
ညက us ဘက်က ကမ်းလှမ်းလာသည့် projectကို
လေ့လာနေရင်း အတော်လေးနောက်ကျမှ အိပ်ဖြစ်ခဲ့သည်။
အစောကြီး အိပ်ယာဝင်ခဲ့သည့် ဘေဘီက နိုးနေပုံရသည်။"ကျောင်းကိုလိုက်ပို့တော့....။"
"ဟင်...ဘာလို့လဲ ဘေဘီ။ ဒီနေ့ ကျောင်းပိတ်တယ်လေ။
ကိုယ်ဆီရောက်နေတာ ဒီနေ့နဲ့မှ နှစ်ရက်ပဲ ရှိသေးတာလေ။""ဟုတ်တယ်...ဟို... ကျွန်တော် စာလုပ်ရမှာမလို့။
လိုက်ပို့ပေးနော် ဦး။"ရှောင်ကျန့် ရင်ခွင်ထဲက အဖြူလုံးကို သိပ့်တော့
မသင်္ခါချင်တော့ပါ။ ကြိုလည်းမပြောပဲ ဘာလို့
အခုမ ချက်ချင်း ပြန်ချင်နေရတာလဲ။"ဘေဘီ ....စာလုပ်မှာဟုတ်ရော ဟုတ်ရဲ့လား။
ပြီးတော့ အစောကြီးရှိသေးတာကို။""ဟုတ်ပါတယ်ဆို ဦးရာ ။ ထပါဗျာ.. နော်။
ဘေဘီရဲ့ ဦးက ချစ်စရာကြီး ..အာဘွား...။""အဟားးးး."
ရှောင်ကျန့်ကို ချစ်စရာကြီးဟုဆိုကာ မော့နမ်းလာသူကြောင့်
ရှောင်ကျန့်သဘောတကျ ရယ်နေမိသည်။ ဒီအဖြူလုံးက
လိုချင်တာကို ရအောင်တောင်းခံတက်သည်။"လိုချင်တာကို အဲ့လိုပဲတောင်းယူနေတော့မှာလား...။"
"ကျွန်တော်လိုချင်တိုင်း ဦးဆီက လွယ်လွယ်ရခဲ့ရင်
ဦးအချစ်တွေကို ကျွန်တော်ရနေတာ ကြာနေလောက်ပြီ
ဦး။"မျက်နှာတည်တည်နဲ့ စကားဆိုလာတဲ့ ဘေဘီကြောင့်
ရှောင်ကျန့်ကြောင်အမ်းနေမိသည်။ရှောင်ကျန့်လက်တွေကိုဖယ်ချလို့ ရင်ခွင်ထဲက
ထထွက်သွားသူက ရေချိုးခန်းထဲ ဝင်သွားပြီဖြစ်သည်။