Symphony 19

1.8K 147 6
                                    

U & Z

"ဘေဘီ ခြေထောက်တွေကို အပေါ်တင်လိုက်တော့
အအေးမိပြီး ပြန်ဖျားနေမယ်။"

"ဟုတ်ကဲ့...ဦး။"

ဦးရဲ့အိမ်တော်ကို ရိပေါ်ပထမဆုံးရောက်ခဲ့တုန်းက
နှင်းဆီခင်းနားမှာ ရေကန်ငယ်လေးရှိရင်ကောင်းမယ်လို့
ရိပေါ်ပြောခဲ့ဘူးတာကို ဦးက အခုတော့ အကောင်အထည်ဖော်ပေးထားသည်။

စိမ်းစိုကာ ကြည်လင်နေတဲ့ ရေကန်ငယ်ထဲတွင် ဦးက ကြာပန်းအချို့နဲ့ ဗေဒါပင်အနည်းငယ်ပါ စိုက်ပျိုးထားသည်။ ရေကန်ထဲ ရေစီးဆင်းနိုင်ရန် လူလုပ်စမ်းချောင်းလေးတစ်ခု ပြုလုပ်ထားပြီး ‌ထိုစမ်းချောင်းလေးကို ဖြတ်၍ တံတား‌တိုလေးပါ တည်ဆောက်ပေးထားသည်။
ရိပေါ သဘောကျလွန်းလို့ တံတားကြမ်းခင်းပေါ်
ထိုင်ချပြီး ရေထဲ ခြေထောက်ချ၍ ဆော့ကစားနေမိသည်။

သစ်ပင်အုပ်စိုင်းစိုင်းတွေဆီက ရရှိနေတဲ့ လောင်းရိပ်ကြောင့်
ရေကန်ငယ်ဟာ အေးမြနေသည်။ နှင်းဆီခင်းဆီမှ
ဖြတ်သန်းတိုက်ခက်လာတဲ့ လေအေးအေးနဲ့ အနံ့မွှေး‌မွှေး
ကြောင့် ရိပေါ်ဆီက အဖျားလက်ကျန်တွေကို ယူပစ်လိုက်
သလိုပင်။ ခေါင်းထဲ ကြည်‌လင်နေကာ သာယာလွန်းလှသည်။

လိုချင်တယ်ဆိုတဲ့စိတ်မပါဝင်ပါပဲ အမှတ်မထင်
ပြောထားမိသည့် စကားလုံးလေးတွေကိုပါ ဦးက
ဖြည့်စည်းပေးလာတဲ့အခါ ရိပေါ် ရင်ထဲ
ပျော်ရွှင်မူက အတိုင်းမသိ။

"တစ်ခုခု စားမလားဘေဘီ ။"

ရိပေါ်အနားဆီရောက်လာကာ ရိပေါ်ဘေးဝင်ထိုင်တဲ့ ဦးက ရိပေါ်ပုခုံးပေါ် သိုးမွှေးခြုံထည်လေး လွှမ်းခြုံပေးလာသည်။
ရိပေါ် ပုခုံးပေါ်က အမွှေးဖွှားလေးတွေကို လက်နဲ့
သဘောတကျ ပွတ်သပ်ရင်း ‌ပြုံးမိသည်။

"အေးတယ် ဘေဘီ ဒါလေးခြုံထား အခုမှ နေပြန်ကောင်းခါစကို။

"ဟုတ်"

"ဦး အလုပ်မသွားဘူးလား။"

"ဘေဘီဖျားနေတာကို ကိုယ်က ဘယ်လိုလုပ်
အလုပ်သွားနိုင်ပါ့မယ်ကွယ်။ ဘေဘီ့ကျောင်းကိုလည်း
ကိုယ်ခွင့်တိုင်ပေးထားတယ်နော်။"

I Just Wanna Be Part Of Your Symphony.Where stories live. Discover now