U & Z
ရှောင်ကျန့်ကား အိမ်တော်ထဲဝင်တော့ ဆယ့်တစ်နာရီခွဲနေပြီ
ဖြစ်သည်။ ကားဝင်လာသံကြားတော့ ဦးရှန့်က အိမ်ထဲကနေ
တံခါးဖွင့်ပေးသည် ။ အသက်ကြီးသူဖြစ်လို့
ကောင်းကောင်းအိပ်စက်နိုင်ရန် ရှောင်ကျန့်အသိမပေးပဲ
ထွက်ခဲ့သည်။ သို့သော် ဦးရှန့်က အအိပ်ဆက်သူပီပီ
နိုးသွားပုံရသည်။ကားထဲကထွက်လို့ ဘေဘီထိုင်နေရာ ဘက်သို့သွား၍
တံခါးဖွင့်ပြီး ဘေဘီကိုနှိုးရသည်။"ဘေဘီ...ဘေဘီ....ထတော့ အိမ်ရောက်နေပြီ။"
"ဟင်...အင်း....ဦး!"
ကားတံခါးထဲ ခါးကိုင်း၍ဝင်နေရသည့် ရှောင်ကျန့်
လည်ပင်းကို ဘေဘီက လက်နဲ့ သိုင်းဖက်လာသည်။"လွမ်းနေတာ...ဦး"
"ဟားး....ဟုတ်လား...ကိုယ့်ဘေဘီလေးက ကိုယ့်ကို
လွမ်းနေတာလား။""ဟုတ်...."
"ကဲပါ...လာ...အိမ်ထဲဝင်ရအောင်။ ဦးရှန့် စောင့်နေတာ
အားနာစရာကြီး""ဟင်..ဦးရှန့်က မအိပ်သေးဘူးလား။ အသက်ကြီးတဲ့
လူတွေက စောစောအိပ်ရတယ်။ ""ဟုတ်ပါ့။ ကောင်ဆိုးလေးတစ်ယောက်ကြောင့်
ဦးရှန့်က ကောင်းကောင်း မအိပ်ရတော့ဘူး။ လာ.."ရှောင်ကျန့်ဘေဘီ ပုခုံးကိုဆွဲဖက်လို့ အိမ်ထဲခေါ်ရသည်။
ယိုင်ထိုးနေသော အမူးသမားလေးက ရှောင်ကျန့်
လက်မောင်းတွေကြား ငြိမ်သက်စွာပါလာတော့သည်။"ဦး...ဘာလို့ အတင်းလာဖက်နေတာလဲ။ ဖယ်ပေး....။"
ကိုယ်ဖက်ပေးထားလို့ အိမ်ထဲပါလာသူက သူ့ကိုဖက်ထားတာကို မကြိုက်ပါဘူးဆိုတဲ့ပုံစံဖြင့်။
"လာပါ ဘေဘီရယ် အပေါ်ရောက်ရင်မဖက်တော့ဘူး..
နော်...။""ဦးရှန့်...သားတောင်းပန်ပါတယ်ဗျ...သားကြောင့် အိပ်ရေးပျက်သွားပြီမလား...။ "
"ဟုတ်ကဲ့ပါ အစ်ကိုလေးရယ်။ ရပါတယ်ဗျာ...။"
ဦးရှန့်ရှေ့ ရောက်တော့ ဘေဘီကတောင်းပန်ဖို့ မမေ့ပါ။
"သားက...အရက်ကို
ပိစိလေးသောက်တာပါ။ သူ့ဟာသူ မူးသွားတာ...။"