U & Z
"ဒုခေါင်းဆောင် အစ်ကိုလေး ရိပေါ်ရဲ့ ဒီတစ်လအတွင်း သွားလာ လှုပ်ရှားမူတွေပါ။"
ယုယွမ် မျက်စိရှေ့ရောက်လာသော ပုံတွေကိုကြည့်ဖို့
တွေဝေနေမိသည်။ အခုနောက်ပိုင်း ရိပေါ်မှာ
သက်ဆိုင်သူရှိနေပြီဆိုတဲ့ ခံစားချက်မျိုး ရိပေါ်ကို
မြင်တိုင်ခံစားနေခဲ့ရသည်။ဒီနောက်ပိုင်း ရိပေါ်နဲ့တွေ့ချင်ခဲ့ပေမယ့် ဝေဝေက
ကျောင်းတက်နေရတာဖြစ်လို့ ယုယွမ် ဝေဝေကို
ရိပေါ်ဆီ ခေါ်သွားလို့မရပါ။ လက်ထဲအထပ်လိုက်ရောက်လာတဲ့ ပုံတွေကို
ကြည့်ခြင်းအားဖြင့် သာမန် သမရိုးကျသွားလာ
နေပုံမဟုတ်လို့သာ သူ့လူတွေ ဒီလို ပုံတွေအများကြီး
ရိုက်လာတာမှန်း ယုယွမ်သိသည်။ရိပေါ်shopping mallကို သွားထားတဲ့ပုံတွေ၊
ရိပေါ် အဆောင်ရှေ့ကို ရောက်ရောက်လာတက်တဲ့
ကားနဲ့ လူတစ်ယောက်ကို ရိပေါ်တွေ့နေပုံတွေ၊
ဆုပေးပွဲအခမ်းအနားမှာ ရိပေါ်ကို ရွှန်းရွှန်းစားစား
ကြည့်နေသည့် ဟိုလူနဲ့ပုံတွေ။ ဒီလတွေထဲ ယုယွမ်
နယ်စပ်ကိုရောက်နေခဲ့သဖြင့် ရိပေါ်ဆီ အာရုံသိပ်မရောက်
ခဲ့။ ယုယွမ်မရှိတဲ့ ရက်တွေအတွင်း ရိပေါ်က
ထိုလူနဲ့ တွဲနေခဲ့တာဖြစ်မည်။"သူက Globleက Mr Xiao Zhanပါ
ဒုခေါင်းဆောင်။""ဒီအခြေအနေထိရောက်မှ မင်းတို့က ငါ့ကိုပြောဖို့
သတိရတာလား!""မဟုတ်ပါဘူး ခေါင်းဆောင်ကြီးက မပြောခိုင်းလို့ပါ။"
"ဘဘ ကလား"
"ဟုတ်ပါတယ် ဒုခေါင်းဆောင်"
"ရပြီ ...မင်းသွားတော့။"
"ဟုတ်ကဲ့။"
Globleရဲ့ ရှောင်ကျန့်တဲ့လား။ အဟက် ..
ဝမ်ရိပေါ် မင်းက ကိုယ်အရိပ်တကြည့်ကြည့်နဲ့
ထားခဲ့ရတဲ့ ကောင်လေးမလား။ ကိုယ် မင်းကို
လက်လွတ်ပေးမယ် ထင်နေတာလား။ ကျင်းမိသားစု
လက်အောက်မှာနေခဲ့ရတဲ့ ဝမ်အိမ်က ကျင်းအိမ်ရဲ့
အမိန့်ကို အမြဲနာခံခဲ့ရတာ ထုံးစံပဲမလား။
မြတ်နိုးလွန်းလို့ ယုယွမ် ရိပေါ်ဆီကို နူးနူးညံ့ညံ့နဲ့
ချည်းကပ်ခဲ့မိတာ။ အခုနောက်ပိုင်း ယုယွမ်အပေါ်
နူးညံ့လာတဲ့ ရိပေါ် အပြုအမူတွေကြောင့်
ရိပေါ် ယုယွမ်ကို သံယောဇဉ်ရှိနေခဲ့ပြီလို့
ထင်နေခဲ့မိတာ။