U & Z
"အိမ်တော်ကို လိုက်မှာလား ဘေဘီ။"
"ဟင့်အင်း...dinnerရှိတယ်။ ဦး လိုက်ခဲ့မလား။"
"မလိုက်တော့ပါဘူး။ ဘေဘီဘာသာ သူငယ်ချင်းတွေနဲ့
လွတ်လွတ်လပ်လပ် ပျော်ခဲ့။""ဟုတ်...ဒါဆို အဆောင်ကိုပဲ လိုက်ပို့ပေး ဦး။"
"Ok ..."
"ကျန်းဝေ ဘေဘီ အဆောင်ကို မောင်း။"
"ဟုတ်ကဲ့ သခင်လေး။"
ရှောင်ကျန့် ဘေဘီကိုပြန်ပို့ပေးပြီး အိမ်တော်သို့ပြန်ခဲ့သည်။
ဆုရတဲ့ကလေးတွေကို ဂုဏ်ပြုပေးတဲ့ပွဲကို တက်ရောက်ရန်
ဘေဘီတို့ ကျောင်းအုပ်က ရှောင်ကျန့်ကို ဖိတ်ခဲ့သည်။
ဒါပေမယ့် ဘေဘီကို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်
ပျော်ရွှင်စေချင်လို့ ပွဲမတက်ဖို့ ရှောင်ကျန့် ဆုံးဖြတ်မိသည်။ရှောင့်ကျန့်ပါနေလျှင် ဘေဘီ သူငယ်ချင်းတွေနဲ့ ကောင်းကောင်း မပျော်ရွှင်နိုင်မှာ စိုးရိမ်မိသည်။
ဘေဘီကို လွတ်လပ်စွာနဲ့ ကျောင်းသားဘဝအချိန်တွေကို
ပျော်ရွှင်စွာ ကုန်ဆုံးစေချင်သည်။ ရှောင်ကျန့် အတွက်နဲ့ ဘေဘီ့အခွင့်အရေးတွေ မဆုံးရှုံးစေချင်ပါ။ကိုယ်နဲ့လက်တွဲလို့ ဘေဘီရဲ့ ပစ္စုပ္ပန်ရော အနာဂတ်မှာပါ
ကောင်းမွန်စွာ လင်းလက်တောက်ပစေချင်သည်။
တွဲထားတဲ့ လက်ကလေးကိုဆွဲလို့ တစ်သက်စာအတွက်
အတူရှေ့ဆက်ချင်သည်။ဘေဘီဆိုတာ ရှောင်ကျန့်အတွက်တော့ သံသရာတစ်လျောက်လုံး အတူခရီးဆက်ချင်မိသည့် အကောင်းဆုံး ခရီးသွားဖော်လေး
တစ်ယောက်လိုပင်။တစ်ကျောင်းလုံးမှာ ရှိတဲ့ အားကစားသမားတွေအတွက်
ဂုဏ်ပြုပွဲဖြစ်ပေမယ့် ကိုယ့်အတန်းနဲ့ကိုယ် ခွဲထားပေးသဖြင့်
လူတိုင်းနဲ့ သိပ်မရောတက်သည့် ရိပေါ်တို့အတွက် အဆင်ပြေလှသည်။ ဒေါင့်ကျကျဝိုင်းမှာ အုပ်စုဖွဲ့ထိုင်ရင်း
ပွဲတုန်းက အကြောင်းတွေပြန်ပြောကြရင်း ရိပေါ်တို့
ရယ်မော ပျော်ရွှင်နေမိသည်။"လျိုမင်တို့ ပြဿနာရှာမယ်လို့ ငါထင်နေခဲ့တာ။"
"အေးငါရောပဲ အေးအေးဆေးဆေးပွဲပြီးသွားလို့ အံ့ဩနေတာ။"
ဟောက်ရွမ်းစကားကို ဖန်ရှင်းက ထောက်ခံသည်။
ရိပေါ်ကတော့ ငြိမ်၍သာ နားထောင်နေမိသည်။