U & Z
"ရိပေါ်..."
အခန်းထဲဝင်လာသော ယုယွမ်ကို ရိပေါ်က စိတ်ပျက်သည့်အကြည့်တွေနဲ့သာ ကြည့်နေသည်။
"ကိုယ့်ကို အဲ့လိုမျက်လုံးတွေနဲ့ မကြည့်နဲ့ ရိပေါ်။
ကိုယ် မင်းအပေါ် ဒီလောက်ချစ်ချင်းမေတ္တာတွေ
ရှိနေတာတောင် မမြင်နိုင်ဘူးလား ရိပေါ်ရယ်။"ရိပေါ်ကိုကြည့်၍ ဆိုလာသူမျက်ဝန်းတွေက
ဆွေးဆွေးမြေ့မြေ့ ။ ရိပေါ်စိတ်မကောင်းဖြစ်မိပေမယ့်
ချစ်မေတ္တာမျိုးဆိုတာက နှလုံးသားရဲ့ ရွေးချယ်သူဆီကသာ
လိုချင်သည့်အရာဖြစ်လို့ ရိပေါ်မှာ ဦးကလွဲရင်
မည်သူဆီကမှ မလိုအပ်ပါ။"ကျွန်တော် အစ်ကို့ကို လက်မထပ်နိုင်ဘူး အစ်ကို။
ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော့်
နှလုံးသားက ဦးကိုပဲ ရွေးချယ်မှာ။ အစ်ကို့ အချစ်ကို
လက်မခံနိုင်လို့ ကျွန်တော် တောင်းပန်ပါတယ်။
ပြီးတော့ ကျွန်တော့်ကို အတင်းအကြပ်မလုပ်ပါနဲ့
အစ်ကို။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်
ကျွန်တော် အစ်ကို့ကို လက်မခံနိုင်ပါဘူး။""မင်း ကိုယ့်ကို လက်မထပ်လို့မရဘူး ရိပေါ်။
ကိုယ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မင်းကို ရအောင်
လက်ထပ်မှာ။""ခင်ဗျား ရူးနေပြီ...!"
"ဟုတ်တယ် ကိုယ်ရူးနေပြီ။ ကိုယ်မင်းကို အချိန်အကြာကြီး
အရိပ်တကြည့်ကြည့်နဲ့ နေခဲ့ရတာလေ...။
မင်းကဘယ်လိုလုပ်ပြီးတော့များ ကိုယ့်ထက် အသက်အများကြီးကွာတဲ့ လူတစ်ယောက်နဲ့
ချစ်ကြိုက်ရတာလဲ ကိုယ်နားမလည်ဘူး။
ကိုယ် မင်းအချစ်ကိုရဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတာ။
တစ်နေ့တော့ ငါ့မေတ္တာတွေကို မင်းမြင်မယ် ထင်ခဲ့တာလေ။
ဘာလို့ ဒီလောက်တောင် သွေးအေးနေတာလဲကွာ။
မင်း ကိုယ့်ဘက်ကို နည်းနည်းလေးတောင်
ကြည့်မလာခဲ့ဘူးပဲ...။ ဆောရီး...ကိုယ် မင်းကို
ကိုယ့်ကြောင့် စိတ်မညစ်စေချင်ပါဘူး။ "ရိပေါ် အစ်ကိုယုယွမ်ကို ကြောင်အစွာကြည့်နေမိသည်။
အစ်ကိုကတော်ပြီးထက်မြက်တဲ့ သူတစ်ဦးပါ။
အစ်ကို ဘာကြောင့်များ မိုက်ရူးရဲဆန်နေလဲ
ရိပေါ် တကယ်ကိုနားမလည်နိုင်တော့ပါ။
မား အိမ်တော်ကနေ ထွက်သွားပြီး နှစ်နှစ်လောက်ကြာတော့
ပါးက ဝေဝေအမေနဲ့ လက်ထက်ခဲ့သည်။