U & Z
"အစောကြီးပြန်လာတာလား။ ပွဲက ညနေမှကို"
"အင်း....။"
"ဘာဖြစ်နေတာလဲ....။"
"ဖန်ရှင်း...ငါ ဒီနေ့ ဦးကို အပြစ်တင်သလို ပြောခဲ့မိတယ်။
ငါမှားပြီထင်တယ်...။ ဦးက ငါ့ကို မတွေ့ချင်လောက်
တော့ဘူး။ အစကတည်းက ငါကပဲ အတင်းလိုက်ကပ်ခဲ့ပြီး
တော့လေ။""အဲ့လိုလည်း မဟုတ်သေးပါဘူးကွာ မင်းကလည်း...။
မင်းကို ဒီလောက်ဂရုစိုက်နေတဲ့ဟာကိုကွာ။
အဲ့လောက်တွေးမနေနဲ့။ ညနေပွဲသွားကြည့််မယ့်ဟာကို
ပျော်ပျော်နေစမ်းပါဟ။ ကျီးအကြီး လှည်းနင်းခံထားရတဲ့ ရုပ်နဲ့...။"နွားလေးရဲ့ ငါတကယ် ညစ်နေတာနော်။"
"ဒါနဲ့ မနက်ဖြန် ကျူတိုရီရယ် ရှိတယ်နော်..."
"ဟမ်!! အေး ဟုတ်သားပဲ...မဖြစ်ဘူး...မဖြစ်ဘူး
ငါစာကြည့်မှဖြစ်တော့မယ်.. ဒီတစ်ခါဆို တီချယ်
အတန်းထဲကနေ ငါ့ကိုမောင်းထုတ်တော့မယ်။"ပျာပျာသလဲနဲ့ စာအုပ်ရှာနေသော ရိပေါ်ကို ဖန်ရှင်း
ခေါင်းရမ်း၍သာ ကြည့်မိသည်။ ကောင်းတယ်
ဦး.. ဦးနဲ့ တစ်ဦးထဲဦးနေတဲ့ အကောင်။"Boss... Ok groupက ထပ်ပြီးဆက်သွယ်လာတယ်။
ဆရာဘက်ပဲ သဘောထားကိုသိရရင် အကျိုးအမြတ်နဲ့
လုပ်ငန်းလည်ပတ်ပုံကို ဆွေးနွေးချင်လို့တဲ့။""ကိုယ်သဘောကျတယ် ယင်းရွှယ် ညနေ ကိုယ်နဲ့တွေ့ဖို့
ချိန်းထားပေး။ ""ဟုတ်ကဲ့ပါ boss။ ပြီးတော့ construction
ဘက်က လုပ်ငန်းပြီးစီးမူတွေ ကိုယ့်ကို mailပို့ပေးထားဦး""ဟုတ်ကဲ့ ဆရာ။"
ယင်းရွှယ်ထွက်သွားမှ ရှောင်ကျန့် လက်ကနာရီကို ငုံ့ကြည့်မိတော့ နေ့လည် ဆယ့်နှစ်နာရီ ထိုးပြီးနေပြီဖြစ်သည်။
မနက်က စိတ်မကောင်းဖြစ်သွားသော ဘေဘီကို သတိရမိတော့ ရှောင်ကျန့် massageပို့ဖို့ လုပ်ရသည်။💬 ကိုယ့်ကောင်လေး နေ့လည်စာ စားပြီးပြီလား။
မစားရသေးရင် အတူတူ စားရအောင်လေ ဘေဘီ။💬*တီ...တီ*
Massageဝင်လာလို့ ရိပေါ် ကြည့်မိတော့ ဦးဆီက
ဖြစ်နေသည်။ ရိပေါ် ဘာပြန်ပြောရမလဲ စဉ်းစားမရပါ
ဦးကိုလည်း စိတ်အနှောင့်အယှက် ဖြစ်မှာ ရိပေါ်
ကြောက်နေမိသည်။