U & Z
"Boss အစ်ကိုလေးတို့အသင်းနဲ့ Finalမှာ
တွေ့မယ့် အသင်းမှာ အစ်ကိုလေးတို့ အုပ်စုနဲ့
စကားများထားတဲ့ ကောင်တွေပါတယ် ။
မိုက်ကန်းကန်းပုံစံတွေပဲ။ နည်းနည်း သတိထားဖို့
လိုမယ်ထင်တယ်။"ယင်းရွယ်စကားကို ငြိမ်နားထောင်နေတဲ့bossက
တစ်ခုခုလုပ်ရန် စဉ်းစားနေပုံရသည်။ Bossက
ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးကို အရမ်းဂရုစိုက်သည်။"ဝမ်ရိပေါ်နောက်မှာ Globleရှိကြောင်းသိအောင်
တစ်ခါတည်းပြထားလိုက် ယင်းရွှယ်။ ပြီးတော့ ဌာနဆိုင်ရာ
တွေကိုပါ ပွဲမှာဖိတ်နိုင်အောင် သေချာစီစဉ်ပေးလိုက်။""ဟုတ်ကဲ့ boss"
နှစ်စဉ်နှစ်တိုင်း ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲအတွက် Globleက Sponsorပေးထားသဖြင့် တချို့ကိစ္စတွေအထိပါ ဝင်ရောက်စွမ်းဆောင်နိုင်ခြင်းမှာ အံ့ဩစရာ မရှိပါ။ ဒီနှစ်ဆို ဘေဘီ့အသင်းကိုပါ ရှောင်ကျန့်
သီးသန့် sponsorပေးထားသေးသည်။
.
.
.ရိပေါ်တို့ ပြိုင်ပွဲစဖို့ တစ်ဆယ့်ငါးမိနစ်သာ လိုတော့သည်။
ကိုးနာရီ စမှာမလို့ အခုတော့ ရိပေါ်တို့ တစ်သင်းလုံး
သွေးပူလေ့ကျင့်ခန်း လုပ်နေကြသည်။ Final ပွဲဖြစ်လို့
တစ်သင်းလုံးတက်ကြွနေကြသည်။ Finalပွဲစဉ်အတွက်
ရိပေါ်တို့ တစ်သင်းလုံးကို ဦးက sponsor ပေးထားသဖြင့်
တွေးမိတိုင်း ရိပေါ်ရင်ထဲ ကျေနပ်အားရမူတွေ ဖြစ်ရသည်။
Sponsorပေးထားတာကို ဦးက ရိပေါ်ကို အသိမပေးခဲ့ပါ။
ဒါတောင် ကျောင်းအုပ်ဆရာကြီးဆီမှ globleရဲ့
Mr Xiaoက sponsorပေးထားတယ်ဆိုတဲ့
စကားကြားမှ သိခဲ့ရသည်။"ရိပေါ် မင်း နည်းနည်း သတိလေးထားနော်။
ဟိုတစ်ခါ ပြဿနာ ဖြစ်ပြီးကတည်းက အဲ့ကောင်တွေ မင်းကိုငြိုးနေတာသိသာတယ်။ အပြင်မှဆို
သူသေကိုယ်သေ ပြန်ချလို့ရတယ်။
ကွင်းထဲမှာတော့ ငါတို့ရန်ဖြစ်လို့ မဖြစ်ဘူး။""အေး ဟုတ်တယ်။"
ကျိုးလင်စကားကို ဖန်ရှင်းတို့ပါ ခေါင်းငြိမ့်ထောက်ခံမိသည်။
လျိုမင်တို့ အဖွဲ့က ဟိုတစ်ခါ ဆိုင်ကယ်ပြိုင်ပွဲမှာ ရိပေါ်ကို
ရှုံးပြီးကတည်းက ခံရခက်နေပုံရသည်။
