Symphony 30

1.4K 120 8
                                    

U & Z

"Bossနောက်မှာ ကားနှစ်စီးပါလာပါတယ်။"

"အင်း လိုက်ပါစေ ယင်းရွယ်။ ကျန်းဝေ ဆက်မောင်း....။"

"ဟုတ်ကဲ့ သခင်လေး။"

အနောက်မှလိုက်လာတဲ့ ကားနှစ်စီးက
ကျင်းယုယွမ်တပည့်တွေမှန်း ရှောင်ကျန့် သေချာပေါက်
သိသည်။ မြို့ပြင်ဘက်ကို ရောက်လာတာနဲ့ အမျှ
ကားနှစ်စီးကတော့ ထပ်ကြပ်မကွာ လိုက်လာဆဲပင်။
အခုက ရှောင်ကျန့်မျက်စိကျနေတဲ့ စက်ရုံနေရာအတွက်
ကွင်းဆင်းရန်လာခဲ့ခြင်းဖြစ်သည်။

"ကားရပ်လိုက် ကျန်းဝေ။"

"ဟုတ်ကဲ့ သခင်လေး။"

လူပျက်တဲ့နေရာရောက်တော့ ရှောင်ကျန့် ကျန်းဝေကို
ကားရပ်ခိုင်းလိုက်သည်။နောက်ကပါလာတဲ့ကားနှစ်စီးက
ရှောင်ကျန့်တို့ကား ရပ်သည်ကိုမြင်တော့
အရှိန်လိုက်လျော့ကာ ရှောင်ကျန့်တို့ ကားနဲ့ မနီးမဝေးမှာ
ထိုးရပ်ကြသည်။

ရှောင်ကျန့်ကားပေါ်မှ ခပ်တည်တည်မျက်နှာထားနှင့်
ဆင်းခဲ့သည်။ ရှောင်ကျန့်ဆင်းတာကိုမြင်တော့ ကျန်းဝေနဲ့
ယုယွမ်ကပါ လိုက်ဆင်းကြသည်။

လိုက်လာတဲ့ ကားနှစ်စီးပေါ်မှ လူလေးယောက်စီ
တုတ်အသီးသီးကိုင်ကာ ရှောင်ကျန့်တို့ဆီတိုးလာသည်။

လက်ပိုက်လို့ ကားကိုကျောမိကာ ရပ်နေတဲ့
သခင်လေးကြောင့် ကျန်း‌ဝေမှာ ခြေမကိုင်မိ
လက်မကိုင်မိ။ တဖြည်းဖြည်း အနားရောက်လာတဲ့
လူရှစ်ယောက်က လူမိုက်ဂိုဏ်းကမှန်း သိသာစွာ။
ဘေးမှာရပ်နေတဲ့ ယင်းရွှယ်ကလည်း လူကသာ
အကောင်သေးတာ ရုပ်ကတော့ သခင်လေးထက် မလျော့သော မျက်နှာပေးဖြင့်။

လူမိုက်ရှစ်ယောက် အနားရောက်မလာခင်တွင်
သူတို့ နောက်မှ ကားလေးစီးထိုးရပ်လာသည်။

ဘာလဲဟ...ထပ်ရောက်လာတာလား....။

ဘုရား...ဘုရား...ဒီပုံအတိုင်းဆိုရင်တော့
ကျန်းဝေတို့ မလွယ်ပါ...။
 
ကားလေးစီးပေါ်မှ နောက်ထပ်ဆင်းလာသည်က
တစ်ဆယ့်ခြောက်ယောက်တိတိ။ မည်သည့်လက်နက်မှ
ပါလာခြင်းမရှိကြသော်လည်း မြင်နေရသူကို ရှိန်သွားစေနိုင်သည့် ဟန်ပန်များရှိသည်။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now