U & Z
"Ok ဘက်က ကိုယ်စားလှယ်က ညနေ တွေ့ချင်ပါတယ်တဲ့
Boss။""အင်း ချိန်းလိုက်လေ ယင်းရွှယ်။"
"Archi teamဘက်က Final check
လုပ်ပြီးရင် readyဖြစ်ပါပြီတဲ့ boss။""အင်း...structure သမား ကို အပ်ထားတုန်း
ကိုယ်တို့ ကိုယ်စားလှယ်နဲ့ projectနေရာကို
တစ်ချက်ထပ်သွားကြည့်ရအောင် ပြင်ထားပေးဦး။""ဟုတ်ကဲ့ boss။"
"Estimate ထွက်လာပြီဆိုရင်တော့ ကိုယ်ဒီproject
အရင်စချင်တယ် ။ ရာသီဥတု ပွင့်လင်းနေတုန်းမြန်မြန်လေး စမိနေဖို့ လိုတယ်။ လက်ရှိ hotel siteပြီးရင်
Siteဘက်က တာဝန်ခံတွေကို meeting လုပ်ဖို့ပြင်ထားပေးပါ ယင်းရွယ်။""ဟုတ်ကဲ့ပါ boss။"
ယင်းရွှယ်ထွက်သွားတော့ ရှောင်ကျန့် အမှတ်မထင်
ဖုန်းကိုကြည့်မိသည်။ ဘေဘီဆီက စာလည်းမလာ၊
ဖုန်းလည်းဆက်သွယ်မလာပါ။ ကိုယ်မှာ သတိရလို့
ဆက်သွယ်ချင်ပေမယ့် လူကြီးတစ်ယောက်အနေနဲ့
အိန္ဒြေထိန်းရတာတွေက ရှိနေသေးသည်။ဒီကလေးငယ်က သူသတိရရင်တော့ ရှောင်ကျန့်ကို
အလွတ်မပေးပဲ ဖုန်းဆက်၊ massageပို့၊ လာခေါ်ပါ ဦး
စသဖြင့် အမျိုးမျိုး ဆက်သွယ်လာတက်သော်လည်း
သတိမရချိန်များတော့ ရှောင်ကျန့်ကို အဖက်မလုပ်တော့ပါ။အလုပ်ကခပ်များများနဲ့ ဘေဘီကလည်း ဆက်သွယ်မလာတော့ ရှောင်ကျန့်နည်းနည်းတော့
စိတ်ရှုပ်လာသည်။ ဦး လာခေါ်ပါလို့ ပြောလာရင်
ရှိသမျှ အလုပ်တွေ ထားခဲ့ပြီး အပြေးသွားမိမှာဖြစ်ပေမယ့်
တွေးထင်သလိုဖြစ်မလာတဲ့အခါ ခေါင်းရှုပ်ရပါသည်။ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ စားပွဲပေါ်က စားရင်းဇယားတွေထဲ ခေါင်းစိုက်ဖို့သာ ရွေးချယ်
လိုက်တော့သည်။ဘေဘီ ...ဘေဘီ ....
နောက်မှ ဦး ဦး နဲ့ လာခေါ်ရင် မှတ်လောက်အောင်
ပြစ်ထားလိုက်ဦးမည်။........
"အား...ပင်ပန်းလိုက်တာကွာ။"
ဒီနေ့ ရိပေါ်တို့ အတန်းတစ်တန်းလုံး မိဘမဲ့ဂေဟာကို
လုပ်အားပေးရောက်နေကြသည်။ ကလေးတွေနဲ့
ကူဆော့ပေးရင်းနဲ့ တစ်မနက်လုံးအချိန်ကုန်ခဲ့ရသည်။
ကလေးတွေအိပ်ချိန် နေ့ခင်းပိုင်းမှာတော့ ဝေယာဝိစ္စ
အလုပ်တွေ ကူလုပ်ပေးရသည်။