U & Z
"ဝမ်ရိပေါ် ဒီကို ပြန်လာစမ်း!"
ရိပေါ်တို့ကို ဝိုင်းထားတဲ့ ပါးရဲ့ လူတွေက
မြောက်များစွာ....။ ရိပေါ်ကို ဖက်ထားတဲ့
ဦးရဲ့ လက်တွေကလည်း တင်းကြပ်စွာဖြင့်...။
သို့သော် ဒီလူပေါင်းများစွာကို ရိပေါ်တို့
မည်သို့ ဖြတ်ကျော်နိုင်မည်နည်း.....။ပါးက အဆုံးစွန်ထိ ရိပေါ်ကို ရက်စက်ဖို့ရာ
သေချာနေပြီတဲ့လား....။"သွား...ဆွဲခေါ်လာခဲ့ ။ ပြီးရင် ဟိုကောင်ကိုလည်း
သတ်လိုက်...။"ဟင့်...ဦး"
ရိပေါ်ကို ဖက်တွယ်ထားတဲ့ ဦးရဲ့ လက်တွေဟာ
ပိုမိုတင်းကြပ်လာသည်မှန်း ခံစားမိသည်။
ရိပေါ်တို့ရဲ့ ချစ်ခြင်းက ပေါင်းစပ်ဖို့ရာ ဤမျှ
ခက်ခဲနေသည်တဲ့လား....။"အင့်...!"
"ဦး...!"
ပါးရဲ့ လက်ထောက်၏ ကြမ်းတမ်းစွာ ဆွဲခေါ်ခြင်းကို
ရိပေါ်ခံခဲ့ ရသည်။ရိပေါ်မျက်နှာကို စူးရဲစွာ ကြည့်လာသည့် ပါးမျက်ဝန်းတွေက မီးတောက်တွေထွက်လာမတက်..။
"ပါး ကျွန်တော် တောင်းပန်ပါတယ် ဦးကို မလုပ်ပါနဲ့...။"
"ပါး...ပါး!...ဟင့်"
"တိတ်စမ်း!...ငါ ဒီလိုတွေ မလုပ်ချင်လို့
မင်းကို အေးအေးသာသာ ပြောခဲ့တယ် မဟုတ်လား
ဝမ်ရိပေါ်...။မင်းက ငါ့ကို စိမ်ခေါ်တာ မဟုတ်လား။
ဂျိုကြွနေတဲ့ မင်း အကောင်ကိုလည်း
အရှင်မထားနိုင်တော့ဘူး။""ဘေ...ဘီ..."
"မလုပ်ပါနဲ့! ဦးလေး ဦးကို မလုပ်ပါနဲ့..!"
ရိပေါ် ဘယ်လောက်ပဲ အော်နေနေ ပါးရဲ့ လက်ထောက်က
ဦးကို ရိုက်နှက်နေသည်။"ဒီလောက်ဖြစ်နေကြတာတွေ ငါ့အကြောင်းသိစေရမယ်"
ဒိုင်း...ဒိုင်း...!
"ဦး!...."
ရိပေါ်ရှေ့မှပင် ပါးက ခါးကြားမှ သေနတ်ကို ဆွဲထုတ်ယူကာ
မောင်းတင်၍ ပစ်လိုက်သည်မှာ ဦးရဲ့ နှလုံးသား တည့်တည့်ဆီသို့။ရိုက်နှက်ခံထားရပြီး ဒူးထောက်နေရာမှ နောက်သို့လှန်ကျသွားသည့်
ဦးဆီ ချုပ်ထားခံရသည့် လက်များကြားမှ ရုန်းထွက်ခါ
ရိပေါ် ပြေးသွားမိသည်။ ရင်ခွင်ထဲ ထွေးပွေ့ထားရင်း
ဦးလို့ တစာစာ အော်နေမိသည်။