U & Z
"လာ...ဘေဘီ"
ရိပေါ်လက်ကိုဆွဲ၍ ရှေ့မှ ဦးဆောင်ကာ ဇိမ်ခံသင်္ဘောလှေကားထစ်တွေပေါ် တစ်ထစ်ချင်း
လှမ်းနေတဲ့ ဦးက ဝန်ထမ်းအချို့ရဲ့ ငေးကြည့်ခြင်းကိုလည်း ခံနေရသည်။ကမ်းခြေဖက်ရှင် အပွင့်အခက်တွေပါသည့် ရှပ်အင်္ကျီနဲ့လိုက်ဖက်စွာတွဲဝတ်ထားသည့် ဘောင်းဘီတိုက ဦးရဲ့ တင်းရင်းနေတဲ့ခြေသလုံး ကြွက်သားအချို့နဲ့ လိုက်ဖက်ညီစွာ။ အမြဲလူကြီးလူကောင်းဆန်စွာ ဝတ်ဆင်လေ့ရှိသည့်
သူဖြစ်လို့ ယခုလိုပေါ့ပေါ့ပါးပါးဝတ်စုံနဲ့လည်း
လွန်စွာလိုက်ဖက်လှသည်။ ရိပေါ်ကတော့ ရိပေါ်လက်ကို ဆွဲပြီး ရှေ့မှဦးဆောင်နေသူ ညိုညိုစိုစို အစ်ကိုကြီးကို တကယ်ကို ပစ်ကြွေနေပြီဖြစ်သည်။"ကိုယ်တို့ breakfast အရင်စားရအောင် ဘေဘီ"
ဇိမ်ခံသင်္ဘောပေါ်မှာ ရိပေါ်နဲ့ ဦး စားဖြစ်တဲ့
မနက်စာက ရိုးရှင်းတဲ့ သာမန်အစားအစာ
တွေပဲ ဖြစ်ပေမယ့် ခမ်းနားတဲ့ ပြင်ဆင်မူနဲ့
ပေါင်းစပ်တဲ့အခါ ကြည်နူးဖွယ်အတိဖြစ်၏။Breakfast ကို ကော်ဖီတစ်ခွက်နဲ့ ကြက်ဥ
Half fry ဒါမှမဟုတ် ပါမုန့်မီးကင် လောက်သာ
ဦးက စားလေ့ရှိသည်။ အခုလည်း သူနှစ်သက်သည့်အတိုင်းသာ ဦးက စားသုံးသည်။
ဦးရဲ့ ရိုးရှင်းတဲ့ နေထိုင်စားသောက်မူကို
မြင်နေရတော့ ရိပေါ်နဲ့ တွေ့မှသာ ဦးရဲ့
နေထိုင်မူတွေ ပြောင်းလဲလာပြီး ဦးရဲ့
တည်ငြိမ်မူတွေ လှုပ်ခပ်လာသည် ဖြစ်ကြောင်း
တွေးမိချိန်မှာ ရိပေါ် မျက်နှာတစ်ခုလုံး
ပြုံးယောင်သန်းလာပုံရသည်။"ဘာတွေကိုများ တွေးမိပြီး သဘောကျနေတာလဲ ကိုယ့်ဘေဘီလေးရဲ့"
"ဟီး...ရိပေါ်နဲ့ တွေ့မှ ဦးလည်း အေးအေးဆေးဆေး နေထိုင်နေရင်းကနေ
မလုပ်ဖူးတာတွေပါ လုပ်ခဲ့ရတာတွေကို
တွေးမိလို့ပါ။""အင်း...ဘေဘီက ကိုယ်အတွက် ဘဝတစ်လျောက်လုံး ဘယ်သူဆီကမှ မရဖူးတဲ့ ၊
ဘယ်သူ့ကိုမှ မပေးခဲ့ဖူးတဲ့ အရာရာတိုင်းကို
ရရှိခဲ့၊ ပေးခဲ့မိဖူးတဲ့ ကိုယ့်ရဲ့ အံ့ဖွယ်လေးပါ
အချစ်ရယ်။"ရိပေါ်ရဲ့ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်ရင်း
ပြောလာသည့် ဦးက အပြုံးချိုချိုတွေကိုလည်း
ပေါပေါများများ ပေးသနားပြန်သည်။ ရိပေါ်က
အခုထိတိုင် ဦးရဲ့ သက်ဆိုင်သူဖြစ်နေတာကို
တချို့မနက်ခင်းတွေမှာ နိုးထလာချိန်တိုင်း
မယုံနိုင်ဖြစ်နေသေးသည်။