U & Z
ဒီနေ့ ရိပေါ်တို့ အသင်း semi finalတက်ရပြီ
ဖြစ်သဖြင့် ကြိုးစားရကျိုးနပ်သည်။
ဒီပွဲနိုင်ရင် ရိပေါ်တို့ ပြိုင်ဘက် clubကကောင်တွေနဲ့
Finalမှာတွေ့ရမှာလည်း သေချာနေပြီမလို့
စိတ်လည်းအနည်းငယ်ရှုပ်ရသည်။"သားတို့ ကြိုးစားပေးနော်။ အားတင်းထားဒီပွဲ နိုင်ရင်
တီချယ်တို့ ကျောင်း finalတက်ပြီ။""ဟုတ်ကဲ့ တီချယ်။"
"ဆရာ ကျွန်မကလေးတွေ အရမ်းတော်တာပဲနော်။"
"ဟုတ်ပါ့ဗျာ ကျုပ်တပည့်တွေကတော့ အတော်တွေကြီးပဲ။"
"ကျွန်မ ကလေးတွေမလို့ပါ ဆရာရယ်။"
"ဘာပဲဖြစ်ဖြစ် ကျွန်တော် နည်းပြတာ တော်လို့လေ ဆရာမရဲ့။"
တဖြည်းဖြည်း မုန်တိုင်းဆီဦးတည်လာသော
နည်းပြနဲ့ အတန်းပိုင်နားကနေ ရိပေါ်တို့ အုပ်စု
တိတ်တဆိတ် ဆုတ်ခွာခဲ့ကြသည်။ ရိပေါ်တို့က
နေ့လည်ဘက် ပြိုင်ရမှာဖြစ်လို့ အချိန်အနည်းငယ်တော့
ရသေးသည်။"အဲ့ အပျိုကြီးနဲ့ လူပျိုကြီးကို ငါတို့ချိတ်ပေးလိုက်
ကြမလား။""အဲ့လို လုပ်မလား။"
အတိုင်အဖောက်ညီနေသော ပိုင်လီနဲ့ ကျိုးလင်ကြောင့်
ရိပေါ်တို့ ရွှင်မြူးနေကြသည်။နေ့လည်ဘက်ပွဲမှာလည်း ရိပေါ်တို့ အသင်းပဲ
အနိုင်ရခဲ့သည်။ မနက်ဖြန်ကနေစ၍ final
အတွက် အပြင်းအထန်ကြိုးစားကြရတော့မည်။
.
.
.
"ဦး ကျွန်တော်တို့ အသင်းfinalတက်ပြီ။""ကိုယ့်ဘေဘီလေးက တော်လိုက်တာကွာ။
အာဘွားပေးပြီး ဆုချချင်လိုက်တာ။""အဲ့ဆု မလိုချင်ဘူး"
"ဒါပေမယ့် ကိုယ်က ပေးချင်နေတာကို။"
"အဲ့တာဆို ညနေလာခေါ်လေ။"
"သခင်လေး သဘောအတိုင်းပါဗျာ"
ဦးဆီမှ ဖုန်းချသွားပြီးနောက် ရိပေါ် အိပ်ယာပေါ်မှ
ထလိုက်သည်။ အခုတလော ဘာစိတ်ကူးပေါက်နေမှန်း
မသိသည့် ဦးက ရိပေါ်ကို သခင်လေး သခင်လေးနဲ့
ခေါ်လာတက်သည်။ ထိုအချိန်ဆိုလည်း ရိပေါ်မှာ
အရှက်သဲရပြန်သည်။