Symphony 39

961 60 3
                                    

U & Z

"ဦး..."

ဆိုဖာပေါ် ထိုင်နေသည့် ဦးရဲ့လည်တိုင်ကို
နောက်ကျောဘက်မှရပ်ရင်း ရိပေါ် ဖက်လိုက်သည်။ လူကို ဘားရှေ့အထိတော့လာခေါ်ပြီး ကားပေါ်မှာလည်း စကားတစ်ခွန်းမပြောသလို villaရောက်တော့လည်း တစ်ခွန်းမှ ပြောမလာခဲ့။ ရိပေါ် ခပ်မြန်မြန်ရေချိုးလိုက်တော့
ခပ်ရစ်ရစ်ဖြစ်နေတာတောင် ပြေချင်သလို
ဖြစ်သွားသည်။

"ဦးလို့...."

ရှောင်ကျန့် နောက်ကျောဘက်ကနေ သိုင်းဖက်ပြီး လှုပ်စိလှုပ်စိ လုပ်နေသူကို ခပ်ဆက်ဆက်လေး ရိုက်ချင်မိသည်။ ကိုယ်ကတော့ သူ့ကို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး လွတ်ထားပေးခဲ့သည်။
ကိုယ်မှာ အခန်းထဲ တစ်ယောက်ထဲ အထီးကျန်နေတာတောင် အေးအေးဆေးဆေး နေပါစေဆိုပြီး ဘေဘီ စိတ်ရှုပ်မှာဆိုးလို့ ဖုန်းတစ်ချက်မခေါ်ခဲ့ပေ။

ယင်းရွှယ်ညနေပိုင်းက ပို့ထားသည့်ပုံကို
ညရှစ်နာရီလောက်မှ ရှောင်ကျန့်တွေ့ခဲ့သည်။
ခပ်ညိုညို ကောင်မလေးရဲ့ ကျောပြင်အား သေသေချာချာကိုပင် နေလောင်ကာခရင်တွေ ဘေဘီက လိမ်းကူနေပုံရသည်။
အနောက်တိုင်းသူလေးနဲ့ နှစ်ယောက်ထဲ
စကားတွေဖောင်ဖွဲ့ နေပုံရကာ အဖြူလုံးလေးက မျက်လုံးတွေ မှိတ်ကျသည်အထိရယ်နေသည်။ ပြီးနောက် ဘစ်ကနီ ဝတ်ထားသည့် ကောင်မလေးနဲ့ ပွေ့ဖက်ထားသည်မှာ
နူးညံ့ကြင်နာမူအပြည့်။ ရှောင်ကျန့် နှလုံးသားကို
မီးမြှိုက်နေသလိုပင် ခံစားရစေသည်။

အိပ်ယာပေါ်ကနေ ကုန်းထပြီး ဘေဘီသူငယ်ချင်းတွေတည်းသည့် Villaကို လိုက်ခဲ့ပေမယ့် ထပ်သိလိုက်ရသည်က ဘားမှာ ကောင်မလေးအဖွဲ့နဲ့ တွေ့နေသည်ဆိုတာပင်။

စိတ်ထဲ ရှိတဲ့အတိုင်းဆို ဘားထဲထိ လိုက်ဝင်ချင်ပေမယ့် လူကြီးလူ‌ကောင်းတစ်ယောက်အနေနဲ့ ပေးထားသည့်ကတိအတိုင်း မနှောက်ယှက်ချင်သဖြင့် အပြင်ကနေသာ ရပ်စောင့်နေခဲ့သည်။
ကောင်မလေး ငါးယောက်အပြင်ထွက်လာတော့
ညနေက ဘေဘီနဲ့ စကားပြောနေသည့် ကောင်မလေးကို မှတ်မိသည်။ စိတ်ထဲ
ထောင်းကနဲ တိုသွားခဲ့ပေမယ့်
ဘေဘီနဲ့ အတူထိုင်ခဲ့သည်ကောင်မလေး၏ သူမဘေးက ကောင်မလေးကိုကြည့်နေသည့် အကြည့်ကို မြင်ပြီးနောက် ရှောင်ကျန့် ပူပန်မူတွေ လျှော့ကျသွားခဲ့သည်။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now