U & Z
"ကိုယ့်ဖုန်းကို ဘာလို့တမ်းမကိုင်တာလဲ ဘေဘီ။ တစ်ခုခုများဖြစ်နေလို့လားလို့ စိုးရိမ်နေမိတာ။"
"ဘေဘီ မသိလိုက်လို့ပါ။"
"မှန်း...နေရောကောင်းရဲ့လား။"
ကားကို လမ်းဘေးထိုးရပ်လို့ ဦးက နဖူးကို စမ်းလာသည်။
"နည်းနည်း နွေးနေတယ် ဘေဘီ။ ဖျားတော့မယ်ထင်တယ်။"
"အအေးနည်းနည်းမိထားလို့ပါ။"
နဖူးပေါ်က ရှောင်ကျန့်လက်ကိုဆွဲယူလို့ သူ့ပါးမှာအပ်ကာ ဘေဘီက ကြောင်ပေါက်လေးလိုချွဲလာသည်။
ရှောင်ကျန့်လက်ကို သူ့လက်နဲ့ ထပ်ကိုင်လို့ ပါးဖောင်းဖောင်းလေးပေါ် ပွတ်သက်စေသည်။
နှုတ်ခမ်းဖူးဖူးလေးကလည်း ဆူထားသေး၏။"ကိုယ့်ကို အဲ့လိုပဲ ချွဲနေတော့မှာလားဟင် ကလေးလေး။"
"မရဘူးလား။"
"ရပါ့ဗျာ...။ ချွဲစမ်းပါ ကိုယ့်ကို ဘေဘီသဘောကျ။"
နှာခေါင်းလုံးလုံးကို ဆွဲဖျစ်လို့ ရှောင်ကျန့်ပြောမိတော့
ဘဘောတကျ ရယ်မောသည်။ဒီချစ်စရာ ကောင်လေးက ရှောင်ကျန့် ချစ်ရသူဆိုတဲ့ အသိနဲ့တင် အတိုင်းမသိ ပျော်ရွှင်ရသည်။ အမြဲပြုံးစေချင်ပြီး
ပျော်ရွှင်စေချင်သည်။ ကားဆီဘေဘီပြေးလာကတည်းက
ဘေဘီမျက်လုံးတွေထဲ ဝမ်းနည်းရိပ်တွေ ရှိနေသည်လို့
ရှောင်ကျန့်ကို ခံစားရစေသည်။"ဘေဘီ စိတ်ညစ်စရာရှိနေတာလား။ ရှိနေရင်
ကိုယ့်ကို ပြောရမယ်နော်။ ဘေဘီတစ်ယောက်ထဲ
ဘာကိုမှ ကြိတ်ပြီး ခံစားနေစရာမလိုဘူး။ ဟုတ်ပြီလား။""ဟုတ်...။"
ခေါင်းငြိမ့်ပြလာသူအား သဘောတကျကြည့်ရင်း
ရှောင်ကျန့် အိမ်တော်ဆီ ဦးတည်လိုက်သည်။
ဘေဘီ ပင်ပန်းနေတာမလို့ အိမ်တော်ကို အမြန်ရောက်ချင်လှပြီ။ နွေးနွေးထွေးထွေး အနားယူစေချင်လှသည်။"ဘေဘီ ခဏ အိပ်နေလိုက် ရောက်ရင်ကိုယ်နှိုးမယ်နော်။"
"ဟုတ် ဦး။"
ရိပေါ် ကိုယ်လုံးက နည်းနည်း ပူနွေးနေကာ ဖျားချင်သလိုဖြစ်လာသည်။ မျက်ခွံ့တွေလည်း
လေးလာသဖြင့် ခဏမှိန်းနေလိုက်မိသည်။