Symphony 28

1.4K 123 5
                                    

U & Z

"ခေါင်းဆောင်ကြီး မမလေးတို့မိသားစုရောက်နေပါပြီ။"

"လာခဲ့မယ်။"

"ဟုတ်ကဲ့"

"ပါး နေကောင်းလား။"

"ဘဘကြီး..."

"ကောင်းတယ် သမီး။ ငါ့မြေးပါ ပါလာတာပဲ။"

"မီးမီးက ဘဘကြီးကိုလွမ်းနေတာ။"

"ဘဘကြီးကလည်း မြေးကိုလွမ်းနေတာပါကွာ။
ငါ့မြေးဖို့ မုန့်တွေ ယူခဲ့ကြစမ်း..။ သမီးနဲ့ မြေးလေး
သွား မီးဖိုခန်းမှာ မုန့်တွေရှိတယ်။"

"ဟုတ်ကဲ့ ဘဘကြီး။"

သမီးငယ်နဲ့ မြေးလေး ထမင်းစားခန်းဆီ ဝင်သွားမှ
ခေါင်းဆောင်ကျင်း စကားဆက်မိသည်။

‌"သမက်ဝမ်ကို ပြောစရာရှိလို့ ခေါ်လိုက်တာ။"

"ပြောပါ ပါး...။"

"ယုယွမ်က မင်းရဲ့ သားကို မျက်စိကျနေတာ
မင်းလည်းသိမယ်ထင်ပါတယ်။"

"ဟုတ်..ဒါပေမယ့် ရိပေါ်က ငယ်သေးတယ်။
ပြီးတော့ သူ ယုယွမ်ကို စိတ်ဝင်စားပုံမရဘူး။"

"ကလေးက ငယ်သေးလို့ မသိသေးရင် လူကြီးတွေက
စီစဉ်ပေးရမှာပေါ့။"

"ဒါပေမယ့်...။"

"ကျင်းအိမ်ရဲ့ဆက်ခံသူက ယုယွမ်မှန်း မင်းသိပါတယ်။
ဝမ်အိမ်ကိုလည်း ကျင်းအိမ်ကစောင့်ရှောက်ပေးခဲ့တာပဲ။
နောင်လည်း ဆက်ပြီး စောင့်ရှောက်ပေးရမှာပေါ့။
ရိပေါ်လေးကို ငါ့မြေးနှစ်သက်သလို ငါလည်း ချစ်ခင်ပါတယ်။
မင်း စိတ်မချစရာ အကြောင်းမရှိပါဘူး သမက်ဝမ်။
မိသားစုတွေပဲဟာ ပိုပြီးရင်းနီးသွားကြမှာပဲလေ။"

"ကျွန်တော်ကို စဉ်းစားချိန်ပေးပါဦး ပါး။"

"ရပါတယ်။ ရိပေါ်ကို ဖျောင်းဖျကြည့်ပေါ့။"

"ဟုတ်ကဲ့ ပါး။"
.
.
.

"ကျွန်တော်ကို ဘာလို့ခေါ်တာလဲ ပါး။"

"ငါ့သားကို ငါ့အိမ်ခေါ်တာ အကြောင်းပြချက်လိုသေးတာလား ရိပေါ်။"

"ကျွန်တော် သင်တန်းဆက်တက်မှာ ပါး။"

"အိမ်မှာပြန်နေရမယ် ရိပေါ်။ အပိုတွေ မပြောချင်ဘူး။"

I Just Wanna Be Part Of Your Symphony.Where stories live. Discover now