Symphony 31

1.3K 122 10
                                    

U & Z

"ဒုခေါင်းဆောင် လင်းအိမ်နဲ့ တွေ့မှာကို ရဲဘက်က
အနံ့ရသွားပြီ ထင်တယ်။"

"ဘာ!..."

ယုယွမ်ရဲ့အော်သံကြောင့် ယုယွမ်ရဲ့ တပည့်တွေမှာ
ထိပ်ထိပ်လန့်လန့်။

ဟုတ်တယ်.....လင်းအိမ်ဘက်က သိုသိုသိပ့်သိပ့်နဲ့
လုပ်ဆောင်ကြမှန်းသေချာသည်ဖြစ်လို့ ယခုပေါက်ကြားမူရဲ့
တရားခံဟာ ကျင်းအိမ်ဘက်မှဖြစ်သည်။

သည်လုပ်ငန်းဟာ ကျင်းအိမ်ရဲ့ ပင်မသွေးကြောဖြစ်လို့
ယုယွမ် အဆုံးရှုံးခံလို့ မဖြစ်။ အနည်းဆုံး အခုတစ်ကြိမ်အတွက် ဆုံးရှုံးရရင်တောင် နောက်အစီအစဉ်
တွေအတွက် အပျက်အစီးမခံနိုင်ပါ။

တရားမဝင်ငွေမဲကို ငွေဖြူဖြစ်အောင် လုပ်ပေးရတဲ့
အလုပ်ဆိုတာ သူတစ်ပါးစိုက်ပျိူးထားတဲ့ အပင်ကနေ
အညွှန့်ခူးစားရတဲ့ လုပ်ငန်းဖြစ်ပြီး ကျင်းအိမ်ရဲ့
အဓိက စီးပွားရေးလည်းဖြစ်သည်။

ဒီလုပ်ငန်းကိုပါ ထိခိုက်လာရင် ယုယွမ်အ‌ပေါ်ထားတဲ့ ဘဘ‌မျော်လင့်ချက်တွေကို ရိုက်ချိုးတာနဲ့ အတူတူ
ဖြစ်ပေလိမ့်မည်။

ဒီရက်ပိုင်း ယုယွမ် ကံအရမ်းဆိုးနေပုံရသည်။

"ဘာလုပ်နေကြတာလဲ...စထွက်ဖို့ ပြင်လေ....!"

"အစ်ကို....! အစ်ကို... ပါးက ယုယွမ်နောက်ကို လိုက်သွားပြီး
ကူပေးပါဦးတဲ့ ။"

ဇနီးသည်ဆီကစကားကြောင့် ခေါင်းဆောင်ဝမ်
ဖတ်နေတဲ့ စာအုပ်ကို ပိတ်လို့ စားပွဲပေါ်တင်လိုက်သည်။

"ဘာဖြစ်လို့လဲ...ကွမ်းမေ။"

"ယုယွမ် လင်းအိမ်နဲ့ ကတိကို ဖောက်မိတယ်ထင်တယ်။"

"ဘာ!"

"လုပ်ပါဦး အစ်ကိုရယ် ကျွန်မတူလေး...ဟင့် ဟင့်။"

ဝမ်းနည်းတကြီးငိုလာသော ဇနီးသည်ကြောင် ဝမ်မင်ပါ
စိုးရိမ်လာမိသည်။ ဘာပဲဖြစ်ဖြစ် ယုယွမ်က ကိုယ့်မျက်စိ
အောက်မှာပဲ ကြီးလာတဲ့ ကလေးမလား။ ဒီကလေး
သားငယ်နဲ့ စေ့စပ်တဲ့ ရက်ကတည်းက အငြိမ်မနေတော့ဘဲ
တစ်ခုခုကို အသဲအသန် လုပ်နေမှန်း ဝမ်မင်သိပေမယ့်
ဘာလဲတော့ သေချာမမေးမိ။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now